83 Shares 37 Views

Display ပါတဲ့ Smart Clock ကို ျပသလိုက္တဲ့ Lenovo

Jan 14, 2019
83 37

Lenovo က CES 2019 မွာ Smart Clock ကို ျပသလိုက္ပါတယ္။ သူဟာ Display နဲ႔ Google Assistant မ်ားပါတဲ့ စမတ္က်တဲ့ နာရီ ျဖစ္ပါတယ္။ သင္ အိပ္ယာထခ်ိန္မွာ သာယာၿငိမ့္ေညာင္းစြာ ႏိုးထႏိုင္ေအာင္ သူက ကူညီေပးႏုိင္သလို သီခ်င္း နားဆင္ႏိုင္ပါတယ္။ ရာသီဥတုနဲ႔ ကားပိတ္ဆို႔မႈ အေျခအေနမ်ားကို သူ႔အား ေမးျမန္းႏုိင္ပါတယ္။

သူ႔မွာ ၄ လက္မ IPS Touchscreen ထည့္သြင္းထားပါတယ္။ သူက အိပ္ယာထခ်ိန္ေရာက္ရင္ အလင္းေရာင္မ်ား(ေနေရာင္ျခည္ အတုပံုစံ) ျဖင့္ သင့္ကို ႏိႈးေပးမွာ ျဖစ္ပါတယ္။ စမတ္ဖုန္းနဲ႔ သမားရိုးက် Clock မ်ားရဲ႕ အသံနဲ႔ ႏိႈးေပးတဲ့ နည္းလမ္းထက္ သူ႔ရဲ႕ အလင္းေရာင္နဲ႔ ႏိႈးေပးတဲ့ နည္းလမ္းေၾကာင့္ ပိုမို သက္ေတာင့္သက္သာရွိစြာ အိပ္ယာက ႏိုးထႏုိင္မွာ ျဖစ္ပါတယ္။

သူ႔မွာ Google Assistant ပါတဲ့ အတြက္ အသံအမိန္႔မ်ားနဲ႔ သူ႔ကို ခုိင္းေစႏုိင္ပါတယ္။ ဒါ့အျပင္ အျခား စမတ္ေနအိမ္ ကိရိယာမ်ားကိုလည္း သူက ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။ မီးလံုးမ်ားကို ဖြင့္ျခင္း၊ ပိတ္ျခင္းမ်ားအတြက္ သူ႔မွာ ပရိုဂရမ္ ေရးဆြဲထားႏိုင္ပါတယ္။ “ Good night “ လို႔ ေျပာလိုက္တာနဲ႔ သင္ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ေအာင္ သူက သာယာၿငိမ့္ေညာင္းတဲ့ သီခ်င္းမ်ား ဖြင့္ေပးမွာ ျဖစ္ပါတယ္။

ဗီဒီယိုမ်ား ဖြင့္ေပးဖို႔ အတြက္ သူက တီဗီကို ခိုင္းေစႏိုင္ပါတယ္။ ဖုန္း ေခၚဆိုမႈမ်ားအတြက္လည္း သူ႔ကို အသံုးျပဳႏိုင္ပါတယ္။ သင့္ စမတ္ဖုန္းကို အားသြင္းေပးဖို႔ သူ႔မွာ USB Port တစ္ခု ပါပါတယ္။ မတ္လ သို႔မဟုတ္ ဧၿပီလမွာ ေဒၚလာ ၈၀ ျဖင့္ ေရာင္းခ်မွာျဖစ္ပါတယ္။

Ref : theverge

[Unicode]

Display ပါတဲ့ Smart Clock ကို ပြသလိုက်တဲ့ Lenovo

Lenovo က CES 2019 မှာ Smart Clock ကို ပြသလိုက်ပါတယ်။ သူဟာ Display နဲ့ Google Assistant များပါတဲ့ စမတ်ကျတဲ့ နာရီ ဖြစ်ပါတယ်။ သင် အိပ်ယာထချိန်မှာ သာယာငြိမ့်ညောင်းစွာ နိုးထနိုင်အောင် သူက ကူညီပေးနိုင်သလို သီချင်း နားဆင်နိုင်ပါတယ်။ ရာသီဥတုနဲ့ ကားပိတ်ဆို့မှု အခြေအနေများကို သူ့အား မေးမြန်းနိုင်ပါတယ်။

သူ့မှာ ၄ လက်မ IPS Touchscreen ထည့်သွင်းထားပါတယ်။ သူက အိပ်ယာထချိန်ရောက်ရင် အလင်းရောင်များ(နေရောင်ခြည် အတုပုံစံ) ဖြင့် သင့်ကို နှိုးပေးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ သမားရိုးကျ Clock များရဲ့ အသံနဲ့ နှိုးပေးတဲ့ နည်းလမ်းထက် သူ့ရဲ့ အလင်းရောင်နဲ့ နှိုးပေးတဲ့ နည်းလမ်းကြောင့် ပိုမို သက်တောင့်သက်သာရှိစွာ အိပ်ယာက နိုးထနိုင်မှာ ဖြစ်ပါတယ်။

သူ့မှာ Google Assistant ပါတဲ့ အတွက် အသံအမိန့်များနဲ့ သူ့ကို ခိုင်းစေနိုင်ပါတယ်။ ဒါ့အပြင် အခြား စမတ်နေအိမ် ကိရိယာများကိုလည်း သူက ထိန်းချုပ်ပေးနိုင်ပါတယ်။ မီးလုံးများကို ဖွင့်ခြင်း၊ ပိတ်ခြင်းများအတွက် သူ့မှာ ပရိုဂရမ် ရေးဆွဲထားနိုင်ပါတယ်။ “ Good night “ လို့ ပြောလိုက်တာနဲ့ သင် ကောင်းမွန်စွာ အိပ်စက်နိုင်အောင် သူက သာယာငြိမ့်ညောင်းတဲ့ သီချင်းများ ဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဗီဒီယိုများ ဖွင့်ပေးဖို့ အတွက် သူက တီဗီကို ခိုင်းစေနိုင်ပါတယ်။ ဖုန်း ခေါ်ဆိုမှုများအတွက်လည်း သူ့ကို အသုံးပြုနိုင်ပါတယ်။ သင့် စမတ်ဖုန်းကို အားသွင်းပေးဖို့ သူ့မှာ USB Port တစ်ခု ပါပါတယ်။ မတ်လ သို့မဟုတ် ဧပြီလမှာ ဒေါ်လာ ၈၀ ဖြင့် ရောင်းချမှာဖြစ်ပါတယ်။

Ref : theverge

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category