0 Shares 343 Views

ရေစိုခံတဲ့ Redmi Note 7

Jan 14, 2019
0 343




Ref : gsmarena

[Unicode]

ရစေိုခံတဲ့ Redmi Note 7

Redmi Note 7 ကို ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကြေညာခဲ့ပေမယ့် သူ့မှာ ရေစိုခံစွမ်းရည် ပါကြောင်းကို မပြောသွားခဲ့ပါဘူး။ အခုတော့ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Redmi Note 7 ရဲ့ Ports နဲ့ Buttons များဟာ ရေမဝင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်လို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ သူက Redmi Note 7 ရဲ့ ရေအဝင်နိုင်ဆုံး နေရာများ ဖြစ်တဲ့ SIM Card Tray , USB-C Port , 3.5mm Audio Jack , Buttons , Camera , Loudspeaker များ အားလုံးကို ရေမဝင်အောင် အကောင်းဆုံး ဖန်တီးထားတယ်လို့ ပြောပါတယ်။

ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ အရည်အသွေးကို စိတ်ချယုံကြည်ထားပါတယ်။ တရုတ်မှာ Redmi Note 7 ရဲ့ Warranty ကာလကို သာမာန် ၁၂ လကနေ ၁၈ လအထိ တိုးမြှင့်ပေးလိုက်ပါတယ်။ တစ်ခုမှတ်ထားရမှာက သူ့မှာ IP Certificate မရှိတဲ့ အတွက် သူ့ကို ရေအောက်ထဲမှာ အသုံးပြုလို့ မရပါဘူး။ ရေစက် ၊ ရေပေါက်များကိုသာ ခံနိုင်ပါတယ်။

လက်ရှိမှာ သူ့ကို တရုတ်မှာသာ ရောင်းချပေးထားပါတယ်။ မကြာခင်မှာ အခြား နိုင်ငံများမှာ ရောင်းချမယ်လို့ ထင်ရပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category