0 Shares 87 Views

ဒီတစ္ပတ္ Game For You အတြက္ ေရြးေပးခ်င္တဲ့ Shadowgun Legends

Jan 12, 2019
0 87

 

Shadowgun Legends ဟာ First Person Shooter (FPS) Game ျဖစ္ပါတယ္။ နာမည္ေက်ာ္ Dead Trigger 2 ကို ဖန္တီးထားတဲ့ Madfinger Games က ဖန္တီးထားတာ ျဖစ္ပါတယ္။ သိပၸံဆန္ဆန္ ဇာတ္ေကာင္မ်ားျဖင့္ ကစားရမွာ ျဖစ္ပါတယ္။

 

Shadowgun Legends ရဲ႕ ရုပ္ထြက္မ်ားဟာ အလြန္လွပပါတယ္။ Destiny and Halo တို႔လို PC/Console Game မ်ားလို အေရာင္စံုၿပီး ဂရပ္ဖစ္မ်ားက အလြန္ ေကာင္းမြန္ပါတယ္။ လက္နက္ ကိရိယာမ်ားစြာကို ေရြးခ်ယ္ႏုိင္ၿပီး မတူညီတဲ့ Game Modes မ်ားစြာ ပါပါတယ္။ Handguns, Assault Rifles, Sub-Machine Guns, Heavy Machine Guns, Shotguns, Sniper Rifles နဲ႔ Rocket Launchers မ်ားအပါအ၀င္ လက္နက္ေပါင္း ၆၀၀ ေက်ာ္ ထည့္သြင္းေပးထားပါတယ္။

ဇာတ္လမ္းသြားကလည္း ေကာင္းမြန္ပါတယ္။ ကမာၻေျမကို ၾကဴးေက်ာ္လာတဲ့ ၿဂိဳလ္သားမ်ားကို သူရဲေကာင္းမ်ား ျဖစ္တဲ့ Shadowguns မ်ားက တိုက္ခိုက္ေခ်မႈန္းရမွာ ျဖစ္ပါတယ္။ ကစားသူမ်ား အခ်င္းခ်င္း ဆက္သြယ္ႏုိင္တဲ့ Chat စြမ္းရည္လည္း ပါပါတယ္။

 

Single Player အျပင္ Multiplayer Modes မ်ားလည္း ပါပါတယ္။ ဒါ့အျပင္ Versus နဲ႔ Co-op Modes မ်ားလည္း ထည့္သြင္းေပးထားပါတယ္။ သူ႔ကို အခမဲ့ ကစားႏုိင္ၿပီး In-App Purchase ေတာ့ ပါရွိပါတယ္။ သူ႔ရဲ႕ အရြယ္အစားဟာ 843MB ရွိၿပီး Android 6.0 နဲ႔ သူ႕အထက္မွာ အသံုးျပဳႏိုင္ပါတယ္။

 

Download

 

Ref : androidpit

 

 

ဒီတစ်ပတ် Game For You အတွက် ရွေးပေးချင်တဲ့ Shadowgun Legends

 

Shadowgun Legends ဟာ First Person Shooter (FPS) Game ဖြစ်ပါတယ်။ နာမည်ကျော် Dead Trigger 2 ကို ဖန်တီးထားတဲ့ Madfinger Games က ဖန်တီးထားတာ ဖြစ်ပါတယ်။ သိပ္ပံဆန်ဆန် ဇာတ်ကောင်များဖြင့် ကစားရမှာ ဖြစ်ပါတယ်။

 

Shadowgun Legends ရဲ့ ရုပ်ထွက်များဟာ အလွန်လှပပါတယ်။ Destiny and Halo တို့လို PC/Console Game များလို အရောင်စုံပြီး ဂရပ်ဖစ်များက အလွန် ကောင်းမွန်ပါတယ်။ လက်နက် ကိရိယာများစွာကို ရွေးချယ်နိုင်ပြီး မတူညီတဲ့ Game Modes များစွာ ပါပါတယ်။ Handguns, Assault Rifles, Sub-Machine Guns, Heavy Machine Guns, Shotguns, Sniper Rifles နဲ့ Rocket Launchers များအပါအဝင် လက်နက်ပေါင်း ၆၀၀ ကျော် ထည့်သွင်းပေးထားပါတယ်။

ဇာတ်လမ်းသွားကလည်း ကောင်းမွန်ပါတယ်။ ကမ္ဘာမြေကို ကြူးကျော်လာတဲ့ ဂြိုလ်သားများကို သူရဲကောင်းများ ဖြစ်တဲ့ Shadowguns များက တိုက်ခိုက်ချေမှုန်းရမှာ ဖြစ်ပါတယ်။ ကစားသူများ အချင်းချင်း ဆက်သွယ်နိုင်တဲ့ Chat စွမ်းရည်လည်း ပါပါတယ်။

 

Single Player အပြင် Multiplayer Modes များလည်း ပါပါတယ်။ ဒါ့အပြင် Versus နဲ့ Co-op Modes များလည်း ထည့်သွင်းပေးထားပါတယ်။ သူ့ကို အခမဲ့ ကစားနိုင်ပြီး In-App Purchase တော့ ပါရှိပါတယ်။ သူ့ရဲ့ အရွယ်အစားဟာ 843MB ရှိပြီး Android 6.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

 

Download

 

Ref : androidpit

 

 

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category