1698 Shares 235 Views


Jan 12, 2019
1698 235




Ref : gsmarena

[Unicode]

သူလျှို လုပ်တယ်လို့ သံသယ ရှိတဲ့ အတွက် Huawei ရဲ့ ဝန်ထမ်း နှစ်ဦး ထိန်းသိမ်းခံရ

တရုတ် အစိုးရ အတွက် သူလျှိုလုပ်တယ်လို့ သံသယ ရှိတဲ့ အတွက် ဟွာဝေးရဲ့ ဝန်ထမ်း နှစ်ဦးကို ပိုလန်မှာ ထိန်းသိမ်းလိုက်ပါတယ်။ ဟွာဝေးရဲ့ CFO ကိုလည်း မကြာခင်က ကနေဒါမှာ ထိန်းသိမ်းခဲ့ဖူးပါတယ်။ ပိုလန် ထောက်လှမ်းရေး အေဂျင်စီက ဟွာဝေးရဲ့ ဝန်ထမ်းများကို ထိန်းသိမ်းခြင်းအတွက် သက်သေ ခိုင်ခိုင်လုံလုံ ရှိတယ်လို့ ထင်ရပါတယ်။

ဝန်ထမ်း နှစ်ဦးထဲမှ တစ်ဦးဟာ တရုတ် လူမျိုး ဖြစ်ပြီး အခြားတစ်ဦးမှာ ပိုလန် လူမျိုး ဖြစ်ပါတယ်။ တရုတ် လူမျိုးဟာ ရောင်းချမှု ဒါရိုက်တာ အဖြစ် တာဝန်ယူထားတာပါ။ ပိုလန် လူမျိုးက ပိုလန် လုံခြုံရေး အေဂျင်စီမှ အဆင့်မြင့် အရာရှိဟောင်းတစ်ဦး ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို သုံးလကြာ ထိန်းသိမ်းထားမှာ ဖြစ်ပြီး ၁၀ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။ ဟွာဝေးကတော့ ဒီကိစ္စကို စုံစမ်းနေပြီး လက်ရှိမှာ ဘာမှ မပြောချင်သေးဘူးလို့ ပြောပါတယ်။ ဟွာဝေးဟာ ပြီးခဲ့တဲ့ နှစ်မှာ တိုက်ခိုက်ခံရမှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ US Carriers များက ဟွာဝေးရဲ့ စမတ်ဖုန်းများကို ရောင်းချခြင်းအား ရပ်နားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ ဝန်ထမ်းများအားလည်း ဟွာဝေးရဲ့ ထုတ်ကုန်များ သုံးခြင်းအား ပိတ်ပင်ခဲ့ပါတယ်။ အမေရိကန်က Australia နဲ့ UK အပါအဝင် နိုင်ငံအချို့မှာ ဟွာဝေးရဲ့ ထုတ်ကုန်များကို မသုံးဖို့ တောင်းဆိုခဲ့ပါတယ်။

Ref : gsmarena

You may be interested

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares11 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
162 shares40 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

Leave a Comment

Most from this category