3848 Shares 943 Views

48MP Camera ပါမယ့္ Realme 3 လာေတာ့မည္

Jan 12, 2019
3848 943

48MP Camera ပါတဲ့ စမတ္ဖုန္းမ်ား ထြက္ေပၚလာေနပါၿပီ။ ေစ်းႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္း ေစ်းကြက္မွာ ယွဥ္ၿပိဳင္ေနတဲ့ Realme ကလည္း 48MP Camera ပါတဲ့ စမတ္ဖုန္း အသစ္တစ္လံုးကို လာမယ့္ သံုးလအတြင္းမွာ ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Realme 3 ျဖစ္ႏုိင္ပါတယ္။ Realme 3 အျပင္ Realme A1 ကိုလည္း ျမင္ရႏိုင္ပါတယ္။ Realme A1 ဟာ အလြန္ ေစ်းသက္သာတဲ့ Realme C1 နဲ႔ ဆဲလ္ဖီး အသားေပး Realme U1 တို႔အၾကားမွ အလယ္အလတ္ စမတ္ဖုန္း ျဖစ္ႏိုင္ပါတယ္။

Realme ဟာ ၿပီးခဲ့တဲ့ ႏွစ္မွာ စမတ္ဖုန္း ငါးလံုးကို ထုတ္လုပ္ေရာင္းခ်ေပးခဲ့ၿပီး လူႀကိဳက္မ်ားခဲ့ပါတယ္။ Realme 1 ကို ကုမၸဏီက ယခင္ႏွစ္ ေမလမွာ ေၾကညာခဲ့ၿပီး သူဟာ တန္ဖိုးနည္း စမတ္ဖုန္း အျဖစ္ ဒီဇိုင္းထုတ္ထားတာပါ။ Realme ဟာ OPPO ရဲ႕ ကုမၸဏီခြဲ တစ္ခုလည္း ျဖစ္ပါတယ္။ ၇ လအတြင္းမွာ ကုမၸဏီဟာ စမတ္ဖုန္း အလံုးေရ ၄ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ၿပီလို႔ သူ႔ရဲ႕ တရား၀င္ တြစ္တာ အေကာင့္ကေန ယခုလ အေစာပိုင္းမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

Realme ဟာ သူ ေရာင္းခ်တဲ့ ႏုိင္ငံတိုင္းမွာ ေအာင္ျမင္မႈမ်ား ရေနပါတယ္။ လြန္ခဲ့တဲ့ ႏွစ္လအၾကာက တရုတ္မွ Single’s Day ေစ်းေရာင္းပြဲေတာ္မွာ Realme ဟာ Samsung နဲ႔ Xiaomi တို႔ထက္ ေရာင္းအား ေကာင္းခဲ့ပါတယ္။ အဲဒီေနာက္မွာ အင္ဒိုနီးရွားမွ Lazada မွာလည္း ေရာင္းအား ေကာင္းခဲ့ပါတယ္။ Lazada ဟာ အာရွ – ပစိဖိတ္ ႏိုင္ငံမ်ားမွာ ဆိုင္ခြဲမ်ားစြာ ရွိိတဲ့ အြန္လိုင္း အေရာင္းဆိုင္ ျဖစ္ပါတယ္။

[Unicode]

48MP Camera ပါမယ့် Realme 3 လာတော့မည်

48MP Camera ပါတဲ့ စမတ်ဖုန်းများ ထွက်ပေါ်လာနေပါပြီ။ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်နေတဲ့ Realme ကလည်း 48MP Camera ပါတဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို လာမယ့် သုံးလအတွင်းမှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Realme 3 ဖြစ်နိုင်ပါတယ်။ Realme 3 အပြင် Realme A1 ကိုလည်း မြင်ရနိုင်ပါတယ်။ Realme A1 ဟာ အလွန် ဈေးသက်သာတဲ့ Realme C1 နဲ့ ဆဲလ်ဖီး အသားပေး Realme U1 တို့အကြားမှ အလယ်အလတ် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။

Realme ဟာ ပြီးခဲ့တဲ့ နှစ်မှာ စမတ်ဖုန်း ငါးလုံးကို ထုတ်လုပ်ရောင်းချပေးခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ Realme 1 ကို ကုမ္ပဏီက ယခင်နှစ် မေလမှာ ကြေညာခဲ့ပြီး သူဟာ တန်ဖိုးနည်း စမတ်ဖုန်း အဖြစ် ဒီဇိုင်းထုတ်ထားတာပါ။ Realme ဟာ OPPO ရဲ့ ကုမ္ပဏီခွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ၇ လအတွင်းမှာ ကုမ္ပဏီဟာ စမတ်ဖုန်း အလုံးရေ ၄ သန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ သူ့ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ ယခုလ အစောပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

Realme ဟာ သူ ရောင်းချတဲ့ နိုင်ငံတိုင်းမှာ အောင်မြင်မှုများ ရနေပါတယ်။ လွန်ခဲ့တဲ့ နှစ်လအကြာက တရုတ်မှ Single’s Day ဈေးရောင်းပွဲတော်မှာ Realme ဟာ Samsung နဲ့ Xiaomi တို့ထက် ရောင်းအား ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ အင်ဒိုနီးရှားမှ Lazada မှာလည်း ရောင်းအား ကောင်းခဲ့ပါတယ်။ Lazada ဟာ အာရှ – ပစိဖိတ် နိုင်ငံများမှာ ဆိုင်ခွဲများစွာ ရှိတဲ့ အွန်လိုင်း အရောင်းဆိုင် ဖြစ်ပါတယ်။

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category