0 Shares 808 Views

iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ပါမည္

Jan 12, 2019
0 808

အို္င္ဖုန္း အသစ္မ်ားကို ေၾကညာထားတာ ၄ လေလာက္သာ ရွိပါေသးတယ္။ ဒါေပမယ့္ ဒီႏွစ္မွာ ေရာင္းခ်မယ့္ အိုင္ဖုန္း အသစ္မ်ားရဲ႕ သတင္းအခ်က္အလက္နဲ႔ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။ ဓါတ္ပံုကေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က ထြက္ခဲ့တာ ျဖစ္ေပမယ့္ အခုေတာ့ သတင္းအခ်က္အလက္ အသစ္မ်ား သိလာရပါၿပီ။

The Wall Street Journal က ဒီႏွစ္ထုတ္ စြမ္းရည္ျမင့္ iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ပါလာမယ္လို႔ ေျပာပါတယ္။ iPhone XR ရဲ႕ မ်ိဳးဆက္မွာ အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး Liquid Retina (LCD) Screen ပါလာမွာ ျဖစ္ပါတယ္။ Apple က ၂၀၂၀ ခုႏွစ္က်မွသာ အိုင္ဖုန္း အားလံုးမွာ OLED ကို သံုးလာမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က OnLeaks နဲ႔ Digit India တို႔က iPhone 11 ရဲ႕ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ ဓါတ္ပံုမွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားၿပီး ဒါဟာ အိုင္ဖုန္းေတြထဲမွာ ပထမဆံုးပါ။ ေလးေထာင့္ကြက္ထဲမွာ ကင္မရာမ်ားကို ထည့္ထားတာက Huawei Mate 20 Pro နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ Lenses မ်ားကို ေနရာခ်ထားတဲ့ ပံုစံက ကြဲျပားပါတယ္။

OnLeaks က ဒီဓါတ္ပံုမ်ားဟာ ကုမၸဏီရဲ႕ အေစာပိုင္း နမူနာ ေမာ္ဒယ္သာ ျဖစ္ၿပီး ဖိုင္နယ္ ဒီဇိုင္း မဟုတ္ဘူးလို႔ ေျပာပါတယ္။ တတိယ ကင္မရာက ဘာအတြက္လဲ ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ ယခင္ သတင္းမ်ားအရ Apple ဟာ ၂၀၁၉ ခုႏွစ္မွာ 3D Camera မ်ားကို မိတ္ဆက္မယ္လို႔ သိရပါတယ္။ အဲဒီ ကင္မရာမ်ားဟာ AR App မ်ားမွာ သံုးဖို႔ 3D Photo မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ ဒါ့အျပင္ Portrait Photo မ်ားမွာ Subject နဲ႔ Background ကို ခြဲျခားရာမွာ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ပါမည်

အိုင်ဖုန်း အသစ်များကို ကြေညာထားတာ ၄ လလောက်သာ ရှိပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရောင်းချမယ့် အိုင်ဖုန်း အသစ်များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ထွက်ခဲ့တာ ဖြစ်ပေမယ့် အခုတော့ သတင်းအချက်အလက် အသစ်များ သိလာရပါပြီ။

The Wall Street Journal က ဒီနှစ်ထုတ် စွမ်းရည်မြင့် iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ပါလာမယ်လို့ ပြောပါတယ်။ iPhone XR ရဲ့ မျိုးဆက်မှာ အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး Liquid Retina (LCD) Screen ပါလာမှာ ဖြစ်ပါတယ်။ Apple က ၂၀၂၀ ခုနှစ်ကျမှသာ အိုင်ဖုန်း အားလုံးမှာ OLED ကို သုံးလာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က OnLeaks နဲ့ Digit India တို့က iPhone 11 ရဲ့ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ ဓါတ်ပုံမှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားပြီး ဒါဟာ အိုင်ဖုန်းတွေထဲမှာ ပထမဆုံးပါ။ လေးထောင့်ကွက်ထဲမှာ ကင်မရာများကို ထည့်ထားတာက Huawei Mate 20 Pro နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Lenses များကို နေရာချထားတဲ့ ပုံစံက ကွဲပြားပါတယ်။

OnLeaks က ဒီဓါတ်ပုံများဟာ ကုမ္ပဏီရဲ့ အစောပိုင်း နမူနာ မော်ဒယ်သာ ဖြစ်ပြီး ဖိုင်နယ် ဒီဇိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။ တတိယ ကင်မရာက ဘာအတွက်လဲ ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ယခင် သတင်းများအရ Apple ဟာ ၂၀၁၉ ခုနှစ်မှာ 3D Camera များကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီ ကင်မရာများဟာ AR App များမှာ သုံးဖို့ 3D Photo များကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Portrait Photo များမှာ Subject နဲ့ Background ကို ခွဲခြားရာမှာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category