



Ref : gsmarena

[Unicode]

Full HD Video များ ရိုက်ကူးပေးမယ့် Xiaomi Yi Home Camera 3

Xiaomi ရဲ့ ကုမ္ပဏီခွဲ တစ်ခု ဖြစ်တဲ့ Yi Technology က CES 2019 မှာ Yi Home Camera 3 ကို ကြေညာလိုက်ပါတယ်။ ကင်မရာက Full HD Video များကို ရိုက်ကူးပေးနိုင်ပြီး AI Notifications များ ပါပါတယ်။

ကင်မရာရဲ့ ဆော့ဖ်ဝဲကို ဖန်တီးထားသူက အသုံးမဝင်တဲ့ Notifications များကို ဘယ်သူမှ မလိုချင်ကြဘူးလို့ ပြောပါတယ်။ AI Notification က အရေးကြီးတဲ့ Notifications များကိုသာ ပြသပေးမယ်လို့ သိရပါတယ်။ ကင်မရာဟာ ပေါ့ပါး သေးငယ်ပြီး အသံနဲ့ လူများကို အာရုံခံတဲ့ နည်းပညာကလည်း အဆင့်မြင့်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်များ၊ အင်းဆက်များကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သူတို့ ဝင်လာရင် ပိုင်ရှင်ကို အသိပေးမှာ မဟုတ်ပါဘူး။ ၁၆ ပေ အတွင်းမှာ လူစိမ်းများ ရောက်ရှိလာရင် ပိုင်ရှင်ကို သတင်းပို့ပေးပါတယ်။

ကင်မရာကို အမေရိကန်မှာ ယခုလကုန်တွင် ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၄၀ သတ်မှတ်ထားပါတယ်။ ကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုများကို Cloud မှာ ၆ လကြာ သိမ်းဆည်းထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: