0 Shares 29 Views

ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးမယ့္ စက္ရုပ္ ေခြးမ်ား

Jan 11, 2019
0 29

ဂ်ာမနီ ကားအစိတ္အပိုင္း ထုတ္လုပ္တဲ့ Continental ဟာ သူ႔ရဲ႕ ကားတာယာမ်ားေၾကာင့္ နာမည္ႀကီးပါတယ္။ CES 2019 မွာ ကုမၸဏီက သူ႔နယ္ပယ္နဲ႔ မဆိုင္တဲ့ ကြဲျပားတဲ့ နည္းပညာ အိုင္ဒီယာတစ္ခုကို ျပသလိုက္ပါတယ္။ အဲဒါကေတာ့ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ စက္ရုပ္ ေခြးမ်ား ျဖစ္ပါတယ္။

ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ စက္ရုပ္ေခြးမ်ား ဖန္တီးဖို႔ အတြက္ Continental က စက္ရုပ္ ကုမၸဏီ ANYbotics နဲ႔ ပူးေပါင္းထားပါတယ္။ CES မွာ အဲဒီ နည္းပညာကို သရုပ္ျပသခဲ့ပါတယ္။ သရုပ္ျပသမႈမွာ ANYbotics ရဲ႕ ေျခေထာက္ေလးေခ်ာင္းပါတဲ့ စက္ရုပ္ ေခြးတစ္ေကာင္ဟာ ေမာင္းသူမဲ့ Delivery Truck ကားရဲ႕ အေနာက္ဘက္ကေန လမ္းေပၚကို ထြက္လာပါတယ္။ ေခြးရဲ႕ ေက်ာမွာ ကုန္ပစၥည္း ပါတဲ့ ဘူးခြံကို သယ္ေဆာင္လာၿပီး အိမ္အေပါက္၀ အထိ ပို႔ေဆာင္ေပးတာကို ျမင္ရပါတယ္။

စက္ရုပ္ ေခြးဟာ အိမ္အေရွ႕မွ ေလွခါးထစ္မ်ားကို တက္ၿပီး အိမ္ရဲ႕ Bell ကို သူ႔ရဲ႕ လက္နဲ႔ တီးေနတာကိုပါ ျပသထားပါတယ္။ အဲဒီေနာက္မွာ ေက်ာမွ ကုန္ပစၥည္းကို ခါခ်လိုက္ပါတယ္။ သရုပ္ျပ ဗီဒီယိုမွာ စက္ရုပ္ ေခြးရဲ႕ လႈပ္ရွားမႈမ်ားဟာ ေႏွးေကြးေနေသးတာကို ျမင္ရပါတယ္။ ဒီနည္းပညာဟာ အေစာပိုင္း အဆင့္မွာသာ ရွိေသးၿပီး အခ်ိန္မ်ားစြာ ယူ၍ တီထြင္ဖန္တီးရဦးမွာ ျဖစ္ပါတယ္။

Continental က ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ စက္ရုပ္ ေခြးမ်ားကို မၾကာခင္မွာ ၀န္ေဆာင္မႈ ေပးဦးမွာ မဟုတ္ေသးပါဘူး။ ေျခေထာက္မ်ား ပါတဲ့ စက္ရုပ္မ်ားဟာ ဒီလို အလုပ္မ်ားအတြက္ေတာ့ အဆင္မေျပေသးပါဘူး။ ဘီးမ်ားပါတဲ့ စက္ရုပ္မ်ားျဖင့္သာ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေပးတဲ့ ၀န္ေဆာင္မႈမ်ားကို လက္ရွိမွာ ျပဳလုပ္ေနၾကပါတယ္။

Ref : theverge

[Unicode]

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် စက်ရုပ် ခွေးများ

ဂျာမနီ ကားအစိတ်အပိုင်း ထုတ်လုပ်တဲ့ Continental ဟာ သူ့ရဲ့ ကားတာယာများကြောင့် နာမည်ကြီးပါတယ်။ CES 2019 မှာ ကုမ္ပဏီက သူ့နယ်ပယ်နဲ့ မဆိုင်တဲ့ ကွဲပြားတဲ့ နည်းပညာ အိုင်ဒီယာတစ်ခုကို ပြသလိုက်ပါတယ်။ အဲဒါကတော့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ် ခွေးများ ဖြစ်ပါတယ်။

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်ခွေးများ ဖန်တီးဖို့ အတွက် Continental က စက်ရုပ် ကုမ္ပဏီ ANYbotics နဲ့ ပူးပေါင်းထားပါတယ်။ CES မှာ အဲဒီ နည်းပညာကို သရုပ်ပြသခဲ့ပါတယ်။ သရုပ်ပြသမှုမှာ ANYbotics ရဲ့ ခြေထောက်လေးချောင်းပါတဲ့ စက်ရုပ် ခွေးတစ်ကောင်ဟာ မောင်းသူမဲ့ Delivery Truck ကားရဲ့ အနောက်ဘက်ကနေ လမ်းပေါ်ကို ထွက်လာပါတယ်။ ခွေးရဲ့ ကျောမှာ ကုန်ပစ္စည်း ပါတဲ့ ဘူးခွံကို သယ်ဆောင်လာပြီး အိမ်အပေါက်၀ အထိ ပို့ဆောင်ပေးတာကို မြင်ရပါတယ်။

စက်ရုပ် ခွေးဟာ အိမ်အရှေ့မှ လှေခါးထစ်များကို တက်ပြီး အိမ်ရဲ့ Bell ကို သူ့ရဲ့ လက်နဲ့ တီးနေတာကိုပါ ပြသထားပါတယ်။ အဲဒီနောက်မှာ ကျောမှ ကုန်ပစ္စည်းကို ခါချလိုက်ပါတယ်။ သရုပ်ပြ ဗီဒီယိုမှာ စက်ရုပ် ခွေးရဲ့ လှုပ်ရှားမှုများဟာ နှေးကွေးနေသေးတာကို မြင်ရပါတယ်။ ဒီနည်းပညာဟာ အစောပိုင်း အဆင့်မှာသာ ရှိသေးပြီး အချိန်များစွာ ယူ၍ တီထွင်ဖန်တီးရဦးမှာ ဖြစ်ပါတယ်။

Continental က ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ် ခွေးများကို မကြာခင်မှာ ဝန်ဆောင်မှု ပေးဦးမှာ မဟုတ်သေးပါဘူး။ ခြေထောက်များ ပါတဲ့ စက်ရုပ်များဟာ ဒီလို အလုပ်များအတွက်တော့ အဆင်မပြေသေးပါဘူး။ ဘီးများပါတဲ့ စက်ရုပ်များဖြင့်သာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုများကို လက်ရှိမှာ ပြုလုပ်နေကြပါတယ်။

Ref : theverge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category