575 Shares 160 Views


Jan 11, 2019
575 160




Ref : digitaltrends

[Unicode]

စမတ်ဖုန်းများကို အဝေးကနေ ကြိုးမဲ့ အားသွင်းနိုင်တော့မည်

အခုခေတ်မှာ ကြိုးမဲ့ အားသွင်းနည်းပညာ ပါတဲ့ စမတ်ဖုန်းများ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သူတို့ကို ကြိုးမဲ့အားသွင်းရင် Charging Pad ပေါ်တင်ထားရတာ ဖြစ်ပါတယ်။ အခုတော့ Wireless Charger အနားမှာ ထားစရာ မလိုဘဲ အဝေးကနေ ဖုန်းကို ကြိုးမဲ့အားသွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အခန်းတစ်ခုထဲမှာ Wireless Charger က တစ်နေရာမှာ ရှိနေပြီး သင့်ဖုန်းက အခြား တစ်နေရာမှာ ရှိနေရင်လည်း အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို ယခင်နှစ် CES ကတည်းက Ossia Company က ပြသခဲ့ပါတယ်။ ဒီနှစ်ပွဲမှာတော့ ကုမ္ပဏီက သူတို့ရဲ့ နည်းပညာကို စားသုံးသူများ လက်ထဲကို ထည့်ဆောင်ပေးမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Phone Case ထုတ်လုပ်တဲ့ Spigen နဲ့ ပူးပေါင်းလိုက်ပြီး သူတို့ရဲ့ နည်းပညာကို Phone Case မှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Phone Case ကို တပ်ဆင်ထားရင် Wireless Charger ရဲ့ အဝေးမှာ ရှိနေရင်တောင် ဖုန်းကို အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

Spigen CEO Daeyoung Kim က ဒီနည်းပညာပါတဲ့ ပထမဆုံး Phone Case များကို အိုင်ဖုန်းများအတွက် အရင်ဆုံး ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ အခြား စမတ်ဖုန်းများအတွက်လည်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Kim က ဒီဇိုင်းထုတ်ဖို့နဲ့ စမ်းသပ်ဖို့ အတွက် အချိန် အနည်းငယ် ယူရဦးမှာ ဖြစ်တဲ့ အတွက် ၂၀၂၀ ခုနှစ် လောက်မှသာ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : digitaltrends

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ

Ko Thuya - Mar 25, 2019

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Apple, Gadgets, NEWS
40 shares24 views

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်

Nigma - Mar 25, 2019

Apple ပိုင်တဲ့ Beats က ကြိုးလုံးဝမပါတော့မယ့် Powerbeats earbuds နားကြပ်အသစ်ကို ဧပြီလအတွင်း မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ အရင် Powerbeats Wireless တွေတုန်းကလည်း ကြိုးမဲ့နားကြပ်ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ချိတ်ဆက်ထားတော့ ကြိုးတော့ ပါရှိပါသေးတယ်။ အသစ်ထွက်မယ့် Powerbeats က…

Leave a Comment

Most from this category