571 Shares 121 Views
Jan 11, 2019
571 121
Ref : bbc
[Unicode]
Amazon သူဌေး Jeff Bezos နဲ့ ဇနီး ကွာရှင်း
အမေဇုန်ရဲ့ သူဌေး ဘီဇောနဲ့ ဇနီး မက်ကင်ဇီတို့ဟာ အိမ်ထောင်သက် ၂၅ နှစ်အကြာမှာ ကွာရှင်းလိုက်တော့မှာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက တွစ်တာမှာ ဗုဒ္ဓဟူးနေ့တွင် ပူးတွဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။ သူတို့က “ နှစ်ပေါင်းများစွာ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ကွာရှင်းဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေ အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
Bezos ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က သူမနဲ့ လက်မထပ်မှီမှာ အမေဇုန်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် အသက် ၅၄ နှစ် ရှိပြီ ဖြစ်ပြီး Bloomberg Billionaire Index အရ သူဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး ဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁၃၇ ဘီလီယမ် ရှိပါတယ်။ သူဟာ ဘီလ်ဂိတ်ထက် ဒေါ်လာ ၄၅ ဘီလီယမ်လောက် ပိုချမ်းသာပါတယ်။
သူ့ရဲ့ ဇနီး အသက် ၄၈ နှစ်အရွယ် မက်ကင်ဇီဟာ ဝတ္ထုရေး ဆရာမ တစ်ဦး ဖြစ်ပါတယ်။ “ ကျွန်တော်တို့ နှစ်ယောက် ဆုံတွေ့ရတာ အရမ်း ကံကောင်းတယ်လို့ ခံစားရပါတယ်။ နှစ်ပေါင်းများစွာကြာ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ “ လို့ နှစ်ဦး သဘောတူ ကြေညာချက်မှာ ရေးသားထားပါတယ်။
မက်ကင်ဇီဟာ ဘီဇောနဲ့ ကွာရှင်းပြီးရင် သူ ပိုင်ဆိုင်တဲ့ ငွေကြေး တစ်ဝက်ကို ရရှိမှာ ဖြစ်ပြီး သူမဟာ ကမ္ဘာ့ အချမ်းသာဆုံး ၁၀ ဦးစာရင်းထဲ ဝင်လာမှာ ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးလည်း ဖြစ်လာမှာပါ။ ကွာရှင်းပြီးရင် ဘီဇောဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးဘွဲ့ကို ဘီလ်ဂိတ်ထံ လွှဲပေးရမှာ ဖြစ်ပါတယ်။
Ref : bbc
You may be interested
10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views
10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Ko Thuya - Jan 18, 2019
ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Ko Thuya - Jan 18, 2019
Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…
ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views
ဘာသာစကား သင်ကြားပေးမယ့် Drops
Ko Thuya - Jan 17, 2019
Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…
Leave a Comment
Most from this category