170 Shares 71 Views

BMW က ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို ျပသ

Jan 11, 2019
170 71

CES 2019 မွာ BMW က ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို ျပသလိုက္ပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ဟာ ေမာင္းသူ မပါဘဲ စမ္းသပ္ ကြင္းမွာ အလိုအေလွ်ာက္ စက္ႏိႈးၿပီး ေမာင္းႏွင္ေနတာကို ဗီဒီယိုမွာ ျပသထားပါတယ္။ ဆိုင္ကယ္ဟာ လမ္းေကြ႕မ်ားကိုလည္း ေမာင္းႏွင္ႏုိင္တာကို ေတြ႕ရပါတယ္။ ဘရိတ္အုပ္တာကိုလည္း အလိုအေလွ်ာက္ လုပ္ေဆာင္ႏုိင္ပါတယ္။ အရွိန္ျမွင့္ျခင္း၊ ေလွ်ာ့ျခင္းမ်ားကိုလည္း အလိုအေလွ်ာက္ ျပဳလုပ္နိုင္ပါတယ္။

တစ္နာရီကို ၇၀ ကီလိုမီတာအထိ ေမာင္းႏွင္ႏိုင္ပါတယ္။ ရပ္နားရင္လည္း ေဒါက္ခ်တာကို အလိုအေလွ်ာက္ ျပဳလုပ္ႏုိင္ပါတယ္။ အလိုအေလွ်ာက္ ေမာင္းႏွင္ဖို႔ အတြက္ သူ႔ရဲ႕ အေနာက္နဲ႔ ေဘးဘက္မွာ ဆန္ဆာနဲ႔ ကြန္ျပဴတာမ်ား ထည့္သြင္းထားတဲ့ အခန္းႀကီး သံုးခု ရွိပါတယ္။ တည္ေနရာ လမ္းညႊန္ဖို႔ အတြက္ ကင္မရာ တစ္လံုးလည္း ထည့္သြင္းထားပါတယ္။ ဟန္ခ်က္ထိန္းႏုိင္ေအာင္ Accelerometers မ်ားစြာကိုလည္း ထည့္သြင္းထားပါတယ္။ BMW က အသံုးျပဳထားတဲ့ နည္းပညာကိုေတာ့ အေသးစိတ္ မေျပာေသးပါဘူး။

ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းသူမ်ားဟာ ကားေမာင္းသူမ်ားထက္ ေသဆံုးမႈႏႈန္းဟာ ၂၈ ႀကိမ္ ပိုမိုျမင့္မားပါတယ္။ သီအုိရီ အရ ေမာ္ေတာ္ဆိုင္ကယ္မ်ားဟာလည္း ကားမ်ားရဲ႕ ေမာင္းသူမဲ့ နည္းပညာမ်ားကို အသံုးခ်ႏိုင္ပါတယ္။ ဒါေပမယ့္ မတူညီတဲ့ စိန္ေခၚမႈမ်ား ရွိၾကပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ဟာ ဘီးႏွစ္ဘီးထဲနဲ႔ ေမာင္းႏွင္ရတာလည္း အပါအ၀င္ ျဖစ္ပါတယ္။ BMW ရဲ႕ ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ဟာ စီးနင္းသူမ်ားရဲ႕ စြမ္းရည္မ်ားကို တိုးတက္ေစဖို႔ ရည္ရြယ္ထားပါတယ္။ သူ႔ကို ေရာင္းခ်မွာ မဟုတ္ေသးပါဘူး။

Ref : androidpit

[Unicode]

BMW က မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို ပြသ

CES 2019 မှာ BMW က မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို ပြသလိုက်ပါတယ်။ မော်တော်ဆိုင်ကယ်ဟာ မောင်းသူ မပါဘဲ စမ်းသပ် ကွင်းမှာ အလိုအလျှောက် စက်နှိုးပြီး မောင်းနှင်နေတာကို ဗီဒီယိုမှာ ပြသထားပါတယ်။ ဆိုင်ကယ်ဟာ လမ်းကွေ့များကိုလည်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဘရိတ်အုပ်တာကိုလည်း အလိုအလျှောက် လုပ်ဆောင်နိုင်ပါတယ်။ အရှိန်မြှင့်ခြင်း၊ လျှော့ခြင်းများကိုလည်း အလိုအလျှောက် ပြုလုပ်နိုင်ပါတယ်။

တစ်နာရီကို ၇၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ ရပ်နားရင်လည်း ဒေါက်ချတာကို အလိုအလျှောက် ပြုလုပ်နိုင်ပါတယ်။ အလိုအလျှောက် မောင်းနှင်ဖို့ အတွက် သူ့ရဲ့ အနောက်နဲ့ ဘေးဘက်မှာ ဆန်ဆာနဲ့ ကွန်ပြူတာများ ထည့်သွင်းထားတဲ့ အခန်းကြီး သုံးခု ရှိပါတယ်။ တည်နေရာ လမ်းညွှန်ဖို့ အတွက် ကင်မရာ တစ်လုံးလည်း ထည့်သွင်းထားပါတယ်။ ဟန်ချက်ထိန်းနိုင်အောင် Accelerometers များစွာကိုလည်း ထည့်သွင်းထားပါတယ်။ BMW က အသုံးပြုထားတဲ့ နည်းပညာကိုတော့ အသေးစိတ် မပြောသေးပါဘူး။

မော်တော်ဆိုင်ကယ် မောင်းသူများဟာ ကားမောင်းသူများထက် သေဆုံးမှုနှုန်းဟာ ၂၈ ကြိမ် ပိုမိုမြင့်မားပါတယ်။ သီအိုရီ အရ မော်တော်ဆိုင်ကယ်များဟာလည်း ကားများရဲ့ မောင်းသူမဲ့ နည်းပညာများကို အသုံးချနိုင်ပါတယ်။ ဒါပေမယ့် မတူညီတဲ့ စိန်ခေါ်မှုများ ရှိကြပါတယ်။ မော်တော်ဆိုင်ကယ်ဟာ ဘီးနှစ်ဘီးထဲနဲ့ မောင်းနှင်ရတာလည်း အပါအဝင် ဖြစ်ပါတယ်။ BMW ရဲ့ မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ဟာ စီးနင်းသူများရဲ့ စွမ်းရည်များကို တိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။ သူ့ကို ရောင်းချမှာ မဟုတ်သေးပါဘူး။

Ref : androidpit

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category