470 Shares 147 Views

iPhone ထုတ္လုပ္ေရာင္းခ်တာ ၁၂ ႏွစ္ ျပည့္ၿပီ

Jan 11, 2019
470 147

ပထမဆံုး Apple iPhone ျဖစ္တဲ့ iPhone 2G ကို ၂၀၀၇ ခုနွစ္ ဇန္န၀ါရီလ ၉ ရက္ေန႔မွာ Macworld တြင္ ေၾကညာခဲ့တာ ျဖစ္ၿပီး ဇြန္လ ၂၉ ရက္ေန႔မွာ ေရာင္းခ်ေပးခဲ့ပါတယ္။ အဲဒီအတြက္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ ၉ ရက္ေန႔မွာ အိုင္ဖုန္းရဲ႕ သက္တမ္းဟာ ၁၂ ႏွစ္ ျပည့္ခဲ့ပါၿပီ။

ပထမဆံုး အိုင္ဖုန္းမွာ ၃.၅ လက္မ မ်က္ႏွာျပင္သာ ပါခဲ့တာ ျဖစ္ပါတယ္။ 4GB or 8GB Storage ထည့္ထားပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမွာ 320×480 pixels သာ ပါၿပီး တစ္လက္မလွ်င္ Pixel သိပ္သည္းဆမွာ ၁၆၃ ျဖစ္ပါတယ္။ 2 Megapixel Camera တပ္ဆင္ထားၿပီး Third-party App မ်ား မရွိေသးပါဘူး။ လက္ရွိေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားဟာ ပထမဆံုး ေမာ္ဒယ္ထက္ မ်ားစြာ တိုးတက္လာတာကို ျမင္ႏိုင္ပါတယ္။

အဲဒီကတည္းကဆိုရင္ အိုင္ဖုန္း မ်ိဳးုဆက္ ၁၁ ခုအထိ ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီးပါၿပီ။ အဲဒါေတြက iPhone 3G, the iPhone 3GS, the iPhone 4, the iPhone 5, the iPhone 5S/5C, the iPhone 6/6 Plus, the iPhone 6S/6S Plus, the iPhone 7/7 Plus/SE, the iPhone X/8/8 Plus နဲ႔ iPhone XS/XS Max/XR တို႔ ျဖစ္ၾကပါတယ္။

ပထမဆံုး အိုင္ဖုန္းရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ ၂၁၇ ေဒၚလာ ျဖစ္ၿပီး 4GB Model ကို ၄၉၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့ပါတယ္။ အလံုးေရ ၁.၄ သန္းေလာက္ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ဒုတိယမ်ိဳးဆက္ iPhone 3G ကို ကမာၻအ၀န္းမွာ အလံုးေရ ၁၁.၄ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

[Unicode]

iPhone ထုတ်လုပ်ရောင်းချတာ ၁၂ နှစ် ပြည့်ပြီ

ပထမဆုံး Apple iPhone ဖြစ်တဲ့ iPhone 2G ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ Macworld တွင် ကြေညာခဲ့တာ ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့မှာ ရောင်းချပေးခဲ့ပါတယ်။ အဲဒီအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ အိုင်ဖုန်းရဲ့ သက်တမ်းဟာ ၁၂ နှစ် ပြည့်ခဲ့ပါပြီ။

ပထမဆုံး အိုင်ဖုန်းမှာ ၃.၅ လက်မ မျက်နှာပြင်သာ ပါခဲ့တာ ဖြစ်ပါတယ်။ 4GB or 8GB Storage ထည့်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 320×480 pixels သာ ပါပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၁၆၃ ဖြစ်ပါတယ်။ 2 Megapixel Camera တပ်ဆင်ထားပြီး Third-party App များ မရှိသေးပါဘူး။ လက်ရှိနောက်ဆုံးထုတ် အိုင်ဖုန်းများဟာ ပထမဆုံး မော်ဒယ်ထက် များစွာ တိုးတက်လာတာကို မြင်နိုင်ပါတယ်။

အဲဒီကတည်းကဆိုရင် အိုင်ဖုန်း မျိုးုဆက် ၁၁ ခုအထိ ထုတ်လုပ်ရောင်းချခဲ့ပြီးပါပြီ။ အဲဒါတွေက iPhone 3G, the iPhone 3GS, the iPhone 4, the iPhone 5, the iPhone 5S/5C, the iPhone 6/6 Plus, the iPhone 6S/6S Plus, the iPhone 7/7 Plus/SE, the iPhone X/8/8 Plus နဲ့ iPhone XS/XS Max/XR တို့ ဖြစ်ကြပါတယ်။

ပထမဆုံး အိုင်ဖုန်းရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၂၁၇ ဒေါ်လာ ဖြစ်ပြီး 4GB Model ကို ၄၉၉ ဒေါ်လာဖြင့် ရောင်းချပေးခဲ့ပါတယ်။ အလုံးရေ ၁.၄ သန်းလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယမျိုးဆက် iPhone 3G ကို ကမ္ဘာအဝန်းမှာ အလုံးရေ ၁၁.၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category