0 Shares 89 Views

Samsung Galaxy S10 ကို ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ေသခ်ာၿပီ

Jan 11, 2019
0 89

Samsung က ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ Galaxy Unpacked Event ကို က်င္းပဖို႔ သတ္မွတ္လိုက္ပါၿပီ။ အဲဒီပြဲမွာ စြမ္းေဆာင္ရည္ျမင့္ Galaxy S10 Series မ်ားကို ေၾကညာမွာ ျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စု ဆန္ဖရန္စစၥကိုမွာ က်င္းပမယ့္ မိတ္ဆက္ပြဲအတြက္ ဖိတ္စာမ်ားကို ေ၀ငွၿပီးပါၿပီ။ ကမာၻအႏွံ႔မွ Fans မ်ားက ဆမ္ေဆာင္း ၀က္ဘ္ဆိုက္ကေန တိုက္ရိုက္ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

ဖိတ္စာမွာ ဖုန္း ႏွစ္လံုးရဲ႕ Curved Edges မ်ားနဲ႔ နံ႔ပါတ္ ၁၀ ကို ရွင္းလင္းစြာ ျမင္ရပါတယ္။ ဖိတ္စာမွာ အျခား သတင္းအခ်က္အလက္မ်ားကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဒါဟာ ဆမ္ေဆာင္းရဲ႕ ထံုးစံလို႔ ေျပာႏိုင္ပါတယ္။ ကုမၸဏီဟာ Teasers မ်ားမွာ သူ႔ စမတ္ဖုန္းမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို ေဖာ္ျပေလ့ မရွိပါဘူး။

Samsung Galaxy S10 Series မ်ားနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ စုစုေပါင္း စမတ္ဖုန္း သံုးလံုးကို ေၾကညာႏုိင္ပါတယ္။ မ်က္ႏွာျပင္ျပား Galaxy S10 E ၊ မ်က္ႏွာျပင္ေကြးနဲ႔ UD Fingerprint Scanner ပါတဲ့ Galaxy S10 နဲ႔ စြမ္းေဆာင္ရည္ အျမင့္ဆံုး Galaxy S10 Plus တို႔ ျဖစ္ၾကပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy S10 ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ သေချာပြီ

Samsung က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy Unpacked Event ကို ကျင်းပဖို့ သတ်မှတ်လိုက်ပါပြီ။ အဲဒီပွဲမှာ စွမ်းဆောင်ရည်မြင့် Galaxy S10 Series များကို ကြေညာမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် မိတ်ဆက်ပွဲအတွက် ဖိတ်စာများကို ဝေငှပြီးပါပြီ။ ကမ္ဘာအနှံ့မှ Fans များက ဆမ်ဆောင်း ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဖိတ်စာမှာ ဖုန်း နှစ်လုံးရဲ့ Curved Edges များနဲ့ နံ့ပါတ် ၁၀ ကို ရှင်းလင်းစွာ မြင်ရပါတယ်။ ဖိတ်စာမှာ အခြား သတင်းအချက်အလက်များကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါဟာ ဆမ်ဆောင်းရဲ့ ထုံးစံလို့ ပြောနိုင်ပါတယ်။ ကုမ္ပဏီဟာ Teasers များမှာ သူ့ စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များကို ဖော်ပြလေ့ မရှိပါဘူး။

Samsung Galaxy S10 Series များနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ စုစုပေါင်း စမတ်ဖုန်း သုံးလုံးကို ကြေညာနိုင်ပါတယ်။ မျက်နှာပြင်ပြား Galaxy S10 E ၊ မျက်နှာပြင်ကွေးနဲ့ UD Fingerprint Scanner ပါတဲ့ Galaxy S10 နဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး Galaxy S10 Plus တို့ ဖြစ်ကြပါတယ်။

Ref : gsmarena

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares11 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category