0 Shares 219 Views

Play Store မွာ အခေပး App ေတြကို ဖရီး ရေအာင္ လုပ္ေပးမယ့္ App Hoarder

Jan 10, 2019
0 219

ေန႔စဥ္ Google Play Store မွာ App မ်ားစြာ ထြက္ေပၚေနပါတယ္။ အဲဒီအတြက္ ေကာင္းမြန္တဲ့ App မ်ားကို ရွာေဖြရတာ မလြယ္ကူပါဘူး။ ေသခ်ာတာကေတာ့ အခေပး App မ်ားဟာ ေကာင္းမြန္ၾကပါတယ္။ အခေပး App မ်ားကို အခမဲ့ သံုးခ်င္ရင္ေတာ့ နည္းလမ္းရွိပါတယ္။ App Hoarder က Google Play Store မွ အခေပး App မ်ားကို Developer မ်ားက အခမဲ့ အျဖစ္ ေျပာင္းလဲ သတ္မွတ္ေပးလိုက္တာနဲ႔ သင့္ကို အသိေပးမွာ ျဖစ္ပါတယ္။

သူက သင့္အတြက္ စြမ္းရည္ျမင့္ App မ်ားကို အခမဲ့ ရွာေဖြေပးမွာ ျဖစ္ပါတယ္။ သူက သင့္ရဲ႕ Wishlist မွာ ရွိတဲ့ အခေပး App မ်ား ေစ်းႏႈန္း ေျပာင္းလဲတာကိုပါ သင့္အား အသိေပးႏုိင္ပါတယ္္။ အခ်ိန္အကန္႔အသတ္ တစ္ခုအတြင္းမွာ ေလွ်ာ့ေစ်းမ်ားျဖင့္ ေရာင္းခ်ေပးေနတဲ့ App မ်ားကိုလည္း သင့္အား ျပသေပးပါတယ္။ App လို႔ ဆိုေပမယ့္ ဂိမ္းမ်ားလည္း ပါ၀င္ပါတယ္။ နာမည္ႀကီး အခေပး ဂိမ္းမ်ားကို ေလွ်ာ့ေစ်းမ်ားနဲ႔ ၀ယ္ယူခ်င္ရင္ေတာ့ သူ႔ကို ေဆာင္ထားသင့္ပါတယ္။ တစ္နာရီျပည့္တိိုင္း အခမဲ့ျဖစ္သြားတဲ့ App မ်ားရဲ႕ စာရင္းကို သူက ျပသေပးပါတယ္။

သူ႔မွာ Filter , Sort Option မ်ား ပါတဲ့အတြက္ App မ်ားကို ရွာေဖြရတာ အလြန္ အဆင္ေျပပါတယ္။ Notifications မ်ားျဖင့္ အသိေပးတဲ့အတြက္ ေလွ်ာ့ေစ်းမ်ားကို သင္လက္လြတ္ရမွာ မဟုတ္ေတာ့ပါဘူး။ သူက သင့္ ေငြေၾကးမ်ားကို သက္သာေစမွာ ျဖစ္ပါတယ္။ App မွာ Navigate လုပ္ရတာလည္း အလြန္ အဆင္ေျပပါတယ္။ ေလွ်ာ့ေစ်းကာလ မလြန္ခင္မွာ က်န္ရွိတဲ့ အခ်ိန္ကိုပါ ျပသေပးပါတယ္။ သူကေန App မ်ားကို ေရြးခ်ယ္လိုက္တာနဲ႔ Play Store မွ သူတို႔ရဲ႕ စာမ်က္ႏွာမ်ားကို တိုက္ရိုက္ ဖြင့္ေပးပါတယ္။

သူ႔မွာ စြမ္းရည္ျမင့္ Search Box လည္း ပါၿပီး စကားလံုးမ်ားျဖင့္ ရွာေဖြႏုိင္ပါတယ္။ Theme မ်ားစြာကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ သူဟာ App Store တစ္ခုေတာ့ မဟုတ္ပါဘူး။ ေန႔စဥ္ အခမဲ့ ျဖစ္သြားတဲ့ App မ်ားကို ရရွိမယ္လို႔ေတာ့ အာမမခံထားပါဘူး။ အခ်ိဳ႕ App မ်ားဟာ သင့္ ႏုိင္ငံမွာ မရတာလည္း ျဖစ္ႏုိင္ပါတယ္။ မလိုလားအပ္တဲ့ App မ်ားနဲ႔ ပတ္သက္ၿပီး Notification မ်ား မရရွိေအာင္ အဆင့္ျမင့္ Filter မ်ားကို အသံုးျပဳႏုိင္ပါတယ္။

Download

[Unicode]

Play Store မှာ အခပေး App တွေကို ဖရီး ရအောင် လုပ်ပေးမယ့် App Hoarder

နေ့စဉ် Google Play Store မှာ App များစွာ ထွက်ပေါ်နေပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ App များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ သေချာတာကတော့ အခပေး App များဟာ ကောင်းမွန်ကြပါတယ်။ အခပေး App များကို အခမဲ့ သုံးချင်ရင်တော့ နည်းလမ်းရှိပါတယ်။ App Hoarder က Google Play Store မှ အခပေး App များကို Developer များက အခမဲ့ အဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်တာနဲ့ သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။

သူက သင့်အတွက် စွမ်းရည်မြင့် App များကို အခမဲ့ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ သူက သင့်ရဲ့ Wishlist မှာ ရှိတဲ့ အခပေး App များ ဈေးနှုန်း ပြောင်းလဲတာကိုပါ သင့်အား အသိပေးနိုင်ပါတယ်။ အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ လျှော့ဈေးများဖြင့် ရောင်းချပေးနေတဲ့ App များကိုလည်း သင့်အား ပြသပေးပါတယ်။ App လို့ ဆိုပေမယ့် ဂိမ်းများလည်း ပါဝင်ပါတယ်။ နာမည်ကြီး အခပေး ဂိမ်းများကို လျှော့ဈေးများနဲ့ ဝယ်ယူချင်ရင်တော့ သူ့ကို ဆောင်ထားသင့်ပါတယ်။ တစ်နာရီပြည့်တိုင်း အခမဲ့ဖြစ်သွားတဲ့ App များရဲ့ စာရင်းကို သူက ပြသပေးပါတယ်။

သူ့မှာ Filter , Sort Option များ ပါတဲ့အတွက် App များကို ရှာဖွေရတာ အလွန် အဆင်ပြေပါတယ်။ Notifications များဖြင့် အသိပေးတဲ့အတွက် လျှော့ဈေးများကို သင်လက်လွတ်ရမှာ မဟုတ်တော့ပါဘူး။ သူက သင့် ငွေကြေးများကို သက်သာစေမှာ ဖြစ်ပါတယ်။ App မှာ Navigate လုပ်ရတာလည်း အလွန် အဆင်ပြေပါတယ်။ လျှော့ဈေးကာလ မလွန်ခင်မှာ ကျန်ရှိတဲ့ အချိန်ကိုပါ ပြသပေးပါတယ်။ သူကနေ App များကို ရွေးချယ်လိုက်တာနဲ့ Play Store မှ သူတို့ရဲ့ စာမျက်နှာများကို တိုက်ရိုက် ဖွင့်ပေးပါတယ်။

သူ့မှာ စွမ်းရည်မြင့် Search Box လည်း ပါပြီး စကားလုံးများဖြင့် ရှာဖွေနိုင်ပါတယ်။ Theme များစွာကိုလည်း ရွေးချယ်နိုင်ပါတယ်။ သူဟာ App Store တစ်ခုတော့ မဟုတ်ပါဘူး။ နေ့စဉ် အခမဲ့ ဖြစ်သွားတဲ့ App များကို ရရှိမယ်လို့တော့ အာမမခံထားပါဘူး။ အချို့ App များဟာ သင့် နိုင်ငံမှာ မရတာလည်း ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ App များနဲ့ ပတ်သက်ပြီး Notification များ မရရှိအောင် အဆင့်မြင့် Filter များကို အသုံးပြုနိုင်ပါတယ်။

Download

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category