10508 Shares 4180 Views


Jan 10, 2019
10508 4180



• RAM: 6GB
• Internal storage: 64GB
• Battery: 4,000 mAh


[Unicode]

48MP Camera ပါတဲ့ Xiaomi Redmi Note 7 ကို ကြေညာပြီ

၂၀၁၂ ခုနှစ် ဝန်းကျင်လောက်က ဖုန်း ကုမ္ပဏီတွေဟာ Megapixel အရေအတွက်များတာကို ပြိုင်ခဲ့ကြပါတယ်။ အခုလည်း အဲဒီလိုမျိုး ပြန်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က Honor က 48MP Camera ပါတဲ့ View 20 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ရှောင်မီက 48MP Camera ပါတဲ့ Redmi Note 7 ကို ကြေညာလိုက်ပါတယ်။

ရှောင်မီက Redmi ကို သီးခြား ဘရန်း အဖြစ် ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာထားပြီး Redmi Note 7 ရဲ့ အနောက်ဘက်မှာ “ Redmi by Xiaomi “ လို့ ရေးသားထားတဲ့ လိုဂို အသစ် ပါလာပါတယ်။ Redmi Note 7 ဟာ စွမ်းရည်သင့် ဖုန်းဖြစ်ပြီး သူ့ရဲ့ Specs များကို အောက်မှာ လေ့လာပါ။

• Processor: Qualcomm Snapdragon 660
• Screen: 6.3-inch 2340×1080 pixel LCD display
• RAM: 6GB
• Rear camera: 48-megapixel + 5-megapixel depth-sensing camera
• Front camera: 13-megapixel
• Internal storage: 64GB
• Software: Android 9 Pie with MIUI 10
• Battery: 4,000 mAh

ကုမ္ပဏီက အလင်းရောင်ကောင်းတဲ့ အချိန်မှာ 0.8 micron pixel size ဖြင့် 48MP Photo နဲ့ အလင်းရောင်နည်းပါးချိန်မှာ ပိုကြီးတဲ့ 1.6 micron pixel size ဖြင့် 12MP Photo များကို ရိုက်ကူးနိုင်မယ်လို့ ပြောပါတယ်။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးနေပါတယ်။ 3GB/32GB Model ကို ယွမ် ၉၉၉ ( ၁၅၀ ဒေါ်လာ ဝန်းကျင်) နဲ့ 6GB/64GB Model ကို ယွမ် ၁၃၉၉ ( ၂၀၀ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

You may be interested

မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား
NEWS, Softwares & Application, Tech Update
0 shares0 views

မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား

Ko Thuya - Mar 25, 2019

ရုရှားက စက်ရုပ် စစ်သားများကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းကို ဗီဒီယိုတစ်ခုကနေ မျှဝေလိုက်ပါတယ်။ ကရင်မလင်က မျှဝေလိုက်တဲ့ ဗီဒီယိုမှာ ရုရှားရဲ့ နောက်ဆုံးထုတ် ဒရုန်းနည်းပညာကို ပြသထားပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ တင့်ကားကို မြင်ရပါတယ်။ တင့်ကားဟာ သူ့ဘေးမှ စစ်သားရဲ့ သေနတ် ချိန်ရွယ်ရာ…

Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ

Ko Thuya - Mar 25, 2019

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…

Leave a Comment

Most from this category