843 Shares 113 Views

Hyundai က ေျခေထာက္ေလးေခ်ာင္း ပါတဲ့ ကားကို တီထြင္ေန

Jan 10, 2019
843 113

Hyundai က CES 2019 မွာ ထူးျခားဆန္းသစ္တဲ့ ကားကို ဖန္တီးေနေၾကာင္း ေျပာပါတယ္။ အဲဒီကား အမည္က Elevate ျဖစ္ၿပီး သူ႔မွာ ေျခေထာက္ေလးေခ်ာင္း ပါပါတယ္။ သူတို႔ဟာ လူရဲ႕ ေျခေထာက္မ်ားလို စြမ္းရည္ရွိၿပီး ေတာင္တက္ျခင္း၊ မညီညာတဲ့ ေျမအေနအထားမ်ားမွာ သြားလာျခင္း၊ ေက်ာက္တံုးမ်ားအေပၚ တက္ျခင္း၊ လမ္းေလွ်ာက္ျခင္းလို အလုပ္မ်ားကို ျပဳလုပ္ႏုိင္ပါတယ္။

သူဟာ အီလက္ထရစ္ စြမ္းအင္သံုး ကားျဖစ္ၿပီး သူ႔ရဲ႕ အစိတ္အပိုင္းမ်ားဟာ Modular Design ျဖစ္တဲ့ အတြက္ ျဖဳတ္ႏုိင္၊ တပ္ႏုိင္ပါတယ္။ အစိတ္အပိုင္းမ်ားကို ျဖဳတ္ျခင္း၊ တပ္ျခင္းျဖင့္ မတူညီတဲ့ စြမ္းရည္မ်ားကို အသံုးျပဳႏိုင္ပါတယ္။ ဟြန္ဒိုင္းက သူ႔ကို Ultimate Mobility Vehicle လို႔ ေျပာတဲ့ အတြက္ စြယ္စံုသံုးႏိုင္တဲ့ ကားျဖစ္ပါတယ္။

ညီညာတဲ့ လမ္းေပၚမွာ ေမာင္းႏွင္ေနတဲ့ အခါမွာ ေျခေထာက္မ်ားကို ေခါက္ထားတဲ့ အတြက္ သာမာန္ ကားတစ္စီးလိုပဲ ေမာင္းႏွင္ေနတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခေထာက္မ်ားဟာ လူ႔ေျခေထာက္ရဲ႕ အဆစ္မ်ား၊ ေျခက်င္း၀တ္မ်ားလို အလုပ္လုပ္ႏိုင္ပါတယ္။ သူက ေလွခါးမ်ားကိုလည္း တက္ႏိုင္ပါတယ္။ ဟြန္ဒိုင္းက ဒီနည္းပညာဟာ အျခား ၿဂိဳလ္မ်ားကို စူးစမ္းေလ့လာမႈမ်ားအတြက္ပါ အသံုး၀င္မယ္လို႔ ေျပာပါတယ္။

အေရးေပၚ ကယ္ဆယ္ေရး လုပ္ငန္းမ်ားမွာလည္း ကားကို အသံုးခ်ႏုိင္ပါတယ္။ ဒါ့အျပင္ Wheelchair သံုးသူမ်ားပါ စီးနင္းႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ ကားရဲ႕ အလုပ္လုပ္ပံုကို ေအာက္ပါ ဗီဒီယိုမွာ ၾကည့္ပါ။

[Unicode]

Hyundai က ခြေထောက်လေးချောင်း ပါတဲ့ ကားကို တီထွင်နေ

Hyundai က CES 2019 မှာ ထူးခြားဆန်းသစ်တဲ့ ကားကို ဖန်တီးနေကြောင်း ပြောပါတယ်။ အဲဒီကား အမည်က Elevate ဖြစ်ပြီး သူ့မှာ ခြေထောက်လေးချောင်း ပါပါတယ်။ သူတို့ဟာ လူရဲ့ ခြေထောက်များလို စွမ်းရည်ရှိပြီး တောင်တက်ခြင်း၊ မညီညာတဲ့ မြေအနေအထားများမှာ သွားလာခြင်း၊ ကျောက်တုံးများအပေါ် တက်ခြင်း၊ လမ်းလျှောက်ခြင်းလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။

သူဟာ အီလက်ထရစ် စွမ်းအင်သုံး ကားဖြစ်ပြီး သူ့ရဲ့ အစိတ်အပိုင်းများဟာ Modular Design ဖြစ်တဲ့ အတွက် ဖြုတ်နိုင်၊ တပ်နိုင်ပါတယ်။ အစိတ်အပိုင်းများကို ဖြုတ်ခြင်း၊ တပ်ခြင်းဖြင့် မတူညီတဲ့ စွမ်းရည်များကို အသုံးပြုနိုင်ပါတယ်။ ဟွန်ဒိုင်းက သူ့ကို Ultimate Mobility Vehicle လို့ ပြောတဲ့ အတွက် စွယ်စုံသုံးနိုင်တဲ့ ကားဖြစ်ပါတယ်။

ညီညာတဲ့ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ အခါမှာ ခြေထောက်များကို ခေါက်ထားတဲ့ အတွက် သာမာန် ကားတစ်စီးလိုပဲ မောင်းနှင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ခြေထောက်များဟာ လူ့ခြေထောက်ရဲ့ အဆစ်များ၊ ခြေကျင်းဝတ်များလို အလုပ်လုပ်နိုင်ပါတယ်။ သူက လှေခါးများကိုလည်း တက်နိုင်ပါတယ်။ ဟွန်ဒိုင်းက ဒီနည်းပညာဟာ အခြား ဂြိုလ်များကို စူးစမ်းလေ့လာမှုများအတွက်ပါ အသုံးဝင်မယ်လို့ ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း ကားကို အသုံးချနိုင်ပါတယ်။ ဒါ့အပြင် Wheelchair သုံးသူများပါ စီးနင်းနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ကားရဲ့ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုမှာ ကြည့်ပါ။

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ေရာင္းၿပီ

Ko Thuya - Jan 18, 2019

ZTE ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္တဲ့ Nubia က ႏို၀င္ဘာလမွာ Gaming Phone ျဖစ္တဲ့ Red Magic Mars ကို ေၾကညာခဲ့ပါတယ္။ 6/64GB Model ကို ယြမ္ ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚ

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ႕ ဓါတ္ပံုေတြ အင္တာနက္မွာ ပထမဆံုး အႀကိမ္ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေရွာင္မီက တရား၀င္ ထုတ္ျပန္လိုက္တဲ့ ဓါတ္ပံုေတြေတာ့ မဟုတ္ပါဘူး။ ဓါတ္ပံုမ်ားမွာ Mi 9 ကို ရႈေထာင့္မ်ိဳးစံုကေန ျမင္ရပါတယ္။ အေနာက္ဘက္မွာ 48MP Main…

ဘာသာစကား သင္ၾကားေပးမယ့္ Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင္ၾကားေပးမယ့္ Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ႕ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆံုး App စာရင္းထဲမွာ ပါ၀င္ပါတယ္။ သူက ဘာသာစကား သင္ၾကားေပးတဲ့ App ျဖစ္ပါတယ္။ ေပ်ာ္ရႊင္စြာျဖင့္…

Leave a Comment

Most from this category