OLED Laptops အသစ်တွေကို HP နဲ့ Lenovo တို့ မိတ်ဆက်

CES 2019 ပွဲမှာ စိတ်ဝင်စားစရာ ဂိမ်းမင်းလက်ပ်တော့တွေအပြင် OLED Display ပါဝင်တဲ့ လက်ပ်တော့မော်ဒယ်အသစ် ၂ မျိုးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ HP နဲ့ Lenovo လက်ပ်တော့တွေပါ။ OLED Display ပါတဲ့ ဖုန်းတွေ သဘောကျတဲ့လူတွေအနေနဲ့ HP Spectre x360 15 နဲ့ Lenovo Yoga C730 လက်ပ်တော့တွေကိုလည်း သဘောတွေ့ကြမှာပါ။ လာမယ့် နွေဦးပေါက်မှာ ဈေးကွက်စဝင်ဖို့ ရှိပါတယ်။

HP နဲ့ Lenovo တို့ဟာ OLED စခရင်ပါတဲ့ လက်ပ်တော့တွေကို ထုတ်ဖူးပြီးသားပါ။ ဒါပေမယ့် လူကြိုက်သိပ်မများခဲ့ပါဘူး။ အဓိကအချက်ကတော့ LCD လက်ပ်တော့တွေထက် OLED လက်ပ်တော့တွေက ပိုဈေးမြောက်လို့ပါ။

Spectre x360 15 ဟာ AMOLED Display ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး လက်ပ်တော့လည်း ဖြစ်ပါတယ်။ Samsung ရဲ့ ၁၅ လက်မ AMOLED Display သုံးထားတယ်လို့ HP က ပြောပါတယ်။ မတ်လအတွင်း စတင်ရောင်းချမှာဖြစ်ပြီး၊ ဈေးတော့ မသိရသေးပါဘူး။ Specs အရတော့ Intel 8th Gen Processor ၊ အမြင့်ဆုံး 16GB RAM နဲ့ အမြင့်ဆုံး 512GB SSD Storage ပါဝင်လာပါမယ်။

Lenovo Yoga C730

Lenovo ရဲ့ Yoga C730 ကိုတော့ ၁၆၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ ဧပြီမှာ စတင် ထွက်ရှိမှာပါ။ ၁၅.၆ လက်မ OLED Screen ကို 4K Resolution နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ စခရင်ဘောင်တွေကလည်း သေးငယ်တဲ့အတွက် စခရင်ပြည့်အရသာ ခံစားနိုင်မှာပါ။ Intel 8th Gen Processors ၊ အမြင့်ဆုံး 16GB RAM ၊ 512 GB SSD Storage နဲ့ Intel UHD 620 Graphics တို့ ပါဝင်မှာ ဖြစ်ပြီး၊ Dolby Atmos ရတဲ့ JBL စပီကာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ Thunderbolt port အပါအဝင် USB-C Ports သုံးခု၊ လက်ဗွေရာစကင်နာ၊ ၈ နာရီ ဘက်ထရီသက်တမ်းတို့ ပါရှိပါတယ်။ ယခု OLED လက်ပ်တော့ဟာ LCD လက်ပ်တော့ထက် Blue light ထုတ်လွှတ်မှု ၂၀ ရာခိုင်နှုန်း ပိုနည်းပါးသလို၊ အရောင်နဲ့ အလင်းတောက်ပမှုတို့မှာလည်း သာမန်လက်ပ်တော့စခရင်တွေထက် ၁.၆ ဆ ပိုမို သာလွန်တယ်လို့ Lenovo က ပြောကြားခဲ့ပါတယ်။

Ref: BGR

OLED Laptops အသစ်တွေကို HP နဲ့ Lenovo တို့ မိတ်ဆက်

%d bloggers like this: