AMD Processor သုံး ပထမဆုံး Chromebooks တွေကို HP နဲ့ Acer တို့ မိတ်ဆက်

HP နဲ့ Acer ဟာ AMD Processor အသုံးပြုထားတဲ့ ပထမဆုံး Chromebooks တွေကို မိတ်ဆက်လိုက်ပါတယ်။ အရင် Chromebook တွေတုန်းက Intel နဲ့ ARM-based Processors တွေပဲ သုံးခဲ့တာပါ။

HP ရဲ့ Chromebook 14 အသစ်နဲ့ 15.6-inch Acer Chromebook 315 တို့ဟာ AMD Chips တွေ သုံးထားတဲ့ ပထမဆုံး Chromebooks တွေပါ။ Dual-core AMD A4 Processor နဲ့ ယခုနှစ် အစောပိုင်းအတွင်း ထွက်ရှိလာမှာဖြစ်ကာ၊ A6 Processor လည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ AMD A4-9120C က Radeon R4 Graphics နဲ့ ဖြစ်ပြီး၊ AMD A6-9220C ကတော့ Radeon R5 နဲ့ ဖြစ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် AMD A4 နဲ့ A6 Laptop Chips တွေဟာ Intel ရဲ့ Pentium နဲ့ Celeron စီးရီးနဲ့ ဆင်တူပါတယ်။ ရိုးရှင်းတဲ့ စွမ်းဆောင်ရည်နိမ့် လက်ပ်တော့တွေမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ပါဝါသုံးစွဲမှုနည်းတဲ့ Chip တွေ ဖြစ်ပါတယ်။ HP က သူ့ Chromebook က ဘက်ထရီ ၉ နာရီခံမယ်လို့ ဆိုထားပြီး၊ Acer ကတော့ ၁၀ နာရီ ခံမယ်လို့ ပြောထားပါတယ်။

AMD ကတော့ 7th Gen AMD A6-9220C CPU အသစ်ဟာ Entry-level Chipset တွေထဲမှာ စွမ်းဆောင်ရည် သိသိသာသာမြန်ဆန်တယ်လို့ ဆိုထားပါတယ်။ Web Browsing အပိုင်းမှာ Celeron N3350 ထက် ၂၄ ရာခိုင်နှုန်းမြန်ဆန်တယ်လို့ သိရပါတယ်။ A4 ရဲ့ စွမ်းဆောင်ရည်ကိန်းဂဏန်းတွေတော့ မပြောထားပါဘူး။

4GB RAM နဲ့ 32GB Storage ပါဝင်တဲ့ HP Chromebook 14 အသစ်ကို ၂၆၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။ ၁၄ လက်မ စခရင်ကို 720p HD Display နဲ့ ဖြစ်ပါတယ်။ သူ့ထက် စွမ်းဆောင်ရည် ပိုမြင့်တဲ့ Acer Chromebook 315 ကိုတော့ ၂၇၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။ ၁၅.၆ လက်မ 1080p FHD Display ၊ 8GB RAM တို့ ပါဝင်ပြီး၊ ယခုလာမယ့် ဖေဖော်ဝါရီလအတွင်း စတင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Touchscreen မော်ဒယ်လည်း ထွက်ဖို့ ရှိပါတယ်။

Ref: The Verge, GSM Arena

AMD Processor သုံး ပထမဆုံး Chromebooks တွေကို HP နဲ့ Acer တို့ မိတ်ဆက်

%d bloggers like this: