0 Shares 171 Views

Siri ကို ဖန်တီးခဲ့သူတွေက Apple နဲ့ ခွာပြဲပြီးနောက်၊ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ ‘Viv’ ကို ရေးဆွဲနေ

May 05, 2016
0 171

iOS မှာ ပါတဲ့ နာမည်ကျော် AI ဆော့ဖ်ဝဲ Siri ကို ရေးဆွဲခဲ့တဲ့ ပညာရှင်နှစ်ဦးဟာ အခုဆိုရင် နောက်ထပ် ပရောဂျက်အသစ်တစ်ခုကို ထပ်မံအကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။

ဝါရှင်တန်ပို့စ်က ဖော်ပြချက်အရ Siri ကို ဖန်တီးခဲ့သူတွေဟာ ‘Viv’ အမည်ရ AI ဆော့ဖ်ဝဲတစ်ခုကို ရေးဆွဲနေပြီး၊ ‘Viv’ ဟာ Siri အပါအ၀င် လက်ရှိဈေးကွက်တွင်းက ဒီဂျစ်တယ်အထောက်အကူပြုဆော့ဖ်ဝဲတွေထက် စွမ်းဆောင်ရည်အများကြီးပိုမြင့်တယ်လို့ ဆိုပါတယ်။

Siri ကို Dag Kittlaus နဲ့ Adam Cheyer ဆိုသူနှစ်ဦးက ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး၊ အခုဆိုရင် သူတို့နှစ်ဦးလုံးဟာ ‘Viv’ ကို အတူတူ ထပ်ရေးနေကြပါတယ်။ Kittlaus နဲ့ Cheyer အပြင်၊ Siri ကို ရေးဆွဲခဲ့တဲ့အဖွဲ့ဝင် သုံးပုံတစ်ပုံလောက်ဟာလည်း Apple ကနေ ထွက်ကာ၊ ‘Viv’ ကို အတူတူရေးဆွဲနေကြတယ်လို့ သိရပါတယ်။ သူတို့အဖွဲ့ဟာ Siri ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် Apple ကုမ္ပဏီနဲ့ သဘောထားချင်းမတိုက်ဆိုင် မှုတွေဖြစ်ပြီး၊ ထွက်ခဲ့ရတာပါ။

Kittlaus နဲ့ Cheyer တို့နှစ်ဦး ‘Siri’ ကို ဖြစ်စေချင်ခဲ့တဲ့ပုံစံအတိုင်း ‘Viv’ ကို ရေးဆွဲနေပြီး၊ Siri မလုပ်ဆောင်နိုင်တဲ့အရာများစွာကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့်၊ နောက်ထပ် app တစ်ခု ဒေါင်းလုပ်ဆွဲစရာ၊ စာရိုက်စရာမလိုဘဲ၊ Viv ကနေ ပီဇာ တန်းပြီး လှမ်းမှာနိုင်တာမျိုး ဖြစ်ပါတယ်။

Viv မှာ third-party apps တွေ ချိတ်ဆက်ထည့်ထားတာကြောင့်၊ ပီဇာမှာတာမျိုးထက် ပိုမိုရှုပ်ထွေးတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ “ ကားတစ်စီးလောက် ခေါ်ပေးပါ” လို့ ခိုင်းတာမျိုးမှာ၊ Uber ၀န်ဆောင်မှုကနေတဆင့် ကားတွေငှားရမ်းနိုင်မှာဖြစ်ပြီး၊ ဒီလိုမျိုး တူညီတဲ့ခိုင်းစေမှုမျိုးအတွက် မတူညီတဲ့ app ပေါင်း ၅၀ ကျော်လောက် ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာကတော့၊ ယခု ‘Viv’ မှာ ပါဝင်လာမယ့်စွမ်းဆောင်ရည်တော်တော်များများဟာ Siri မူလအစဗားရှင်းမှာကတည်းက ပါဝင်တာဖြစ်ပေမယ့်၊ Apple ဟာ Siri ကို အသုံးပြုရပိုမိုလွယ်ကူရိုးရှင်းမှု ရှိအောင် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ Kittlaus နဲ့ Cheyer တို့ဟာ Siri ကို “ စကားတတ်တဲ့ AI ချက်တင်းဘော့’ အဆင့်လောက်ပဲ ရည်ရွယ်ခဲ့တာမဟုတ်ဘဲ၊ ‘မိုဘိုင်းစီးပွားရေးဈေးကွက်ကို ပြန်လည်ဆန်းသစ်နိုင်ဖို့’ မျှော်မှန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Viv ဟာ Amazon ရဲ့ Alexa ပလက်ဖောင်းနဲ့ နေရာတော်တော်များများမှာတူညီပါတယ်။ အထူးသဖြင့် ဒီ AI ဆော့ဖ်ဝဲ နှစ်ခုလုံးဟာ အဓိကအားဖြင့် third-party service ပြင်ပ၀န်ဆောင်မှုတွေကို မှီခိုလုပ်ဆောင်တာပါ။ ဒီအတွက်ကြောင့် အသုံးပြုသူရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုမှာတော့ အနည်းငယ်အားနည်းချက်တွေ ရှိလာနိုင်မှာဖြစ်ပြီး၊ Siri ကတော့ Apple ရဲ့ မူဝါဒအတိုင်း လုံခြုံရေးကို ပိုဦးစားပေးထားပါတယ်။

‘Viv’ ကို Facebook နဲ့ Google တို့က ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပြီး၊ အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။ ဒီလာမယ့် တနလာင်္နေ့မှာ Viv ကို စတင်ပြသသွားမှာပါ။

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category