ဒိန်းမတ် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Organic Basics က တစ်ပတ်လောက် ဝတ်တာတောင် အနံ့ မထွက် ၊ မညစ်ပတ်တဲ့ အတွင်းခံ ဘောင်းဘီကို တီထွင်လိုက်ပါတယ်။ အဲဒီအတွက် မကြာခဏ လျှော်ဖွပ်သန့်စင်ဖို့ မလိုတော့ပါဘူး။ ဒီနည်းပညာက ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးတဲ့ အတွက် သဘာ၀ ပတ်ဝန်းကျင် ပျက်ဆီးနေမှုကို လျှော့ချပေးနိုင်ပါတယ်။
လူတွေရဲ့ ချွေးဟာ အဝတ်အထည်များနဲ့ ထိတွေ့တဲ့ အခါမှာ ဘက်တီးရီးယားများကို ပေါက်ဖွားစေပါတယ်။ အဲဒီ ဘက်တီးရီးယားများက အနံ့ဆိုးများကို ထုတ်လုပ်တာပါ။ Organic Basics ရဲ့ အတွင်းခံက ဘက်တီးရီးယားများကို သတ်ပေးနိုင်ပါတယ်။ ကုမ္ပဏီက သူ့ရဲ့ အတွင်းခံဟာ ၉၉.၉ ရာခိုင်နှုန်း အထိ ဘက်တီးရီးယားများကို ကာကွယ်ပေးတယ်လို့ ပြောပါတယ်။
ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Mads Fibiger က “ ဒါဟာ တကယ် အလုပ်ဖြစ်ပါတယ်။ အတွင်းခံကို အကြာကြီး ဝတ်လို့ရတော့မှာ ဖြစ်ပါတယ်။ ခဏခဏ လျှော်ဖို့ မလိုတော့ပါဘူး။ အဝတ်အစားများကို ဝယ်ခြင်း၊ ဝတ်ဆင်ခြင်း၊ လျှော်ဖွပ်ခြင်းနဲ့ စွန့်ပစ်ခြင်းများဟာ ဘသာ၀ ပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။ “ လို့ Business Insider ကို ပြောပါတယ်။
သူ ပြောတာ မှန်ပါတယ်။ အဝတ်အစားများ လျှော်ဖွပ်ရတာ ရေနဲ့ စွမ်းအင်များ လိုအပ်ပါတယ်။ အတွင်းခံများ အပါအဝင် အဝတ်အစားများကို ကြာကြာ ဝတ်ဆင်နိုင်ရင်တော့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်တာကို သက်သာစေမှာ ဖြစ်ပါတယ်။
Ref : sciencealert
တစ်ပတ်လောက် ဝတ်တာတောင် အနံ့ မထွက်၊ မညစ်ပတ်တဲ့ အတွင်းခံ ဘောင်းဘီ