Snapdragon 450 နဲ့ Huawei Y7 Pro (2019) ထွက်ရှိ

Huawei ဟာ P Smart (2019) မော်ဒယ်အသစ်ကို မိတ်ဆက်ပြီး ၂ ရက်လောက် အကြာ၊ ၂၀၁၈ ခုနှစ် မကုန်ခင် နာရီပိုင်းအလိုမှာတင် နောက်ထပ် စမတ်ဖုန်းမော်ဒယ်အသစ်တခုကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ P Smart (2019) ကတော့ ဥရောပဈေးကွက်ကို ဦးတည်တဲ့ ဖုန်းဖြစ်ပြီး၊ ဗီယက်နမ်မှာ ယခု မိတ်ဆက်လိုက်တဲ့ Y7 Pro (2019) ကတော့ အာရှဈေးကွက်ကို ဦးတည်တဲ့ ဖုန်းပါ။

Y7 Pro (2019) ဟာ P Smart (2019) နဲ့ အပြင်ပန်း ဒီဇိုင်း တော်တော်လေး တူညီပေမယ့်၊ Specs တွေကတော့ တော်တော် ကွဲသွားပါတယ်။ Kirin 710 အစား Y7 Pro မှာ Snapdragon 450 ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ Display က 6.26-inch LCD Panel ဖြစ်ပြီး၊ HD+ Resolution နဲ့ပါ။ သေးငယ်တဲ့ ရေစက်ပုံစံ Notch ပါဝင်ပြီး၊ 19:9 Aspect Ratio ဖြစ်တာကြောင့် နည်းနည်း ရှည်မျောမျော ရှိပါတယ်။ 3GB RAM နဲ့ 32GB Storage မော်ဒယ်တမျိုးပဲ ထုတ်သွားမှာပါ။ microSD တော့ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

ကျောဘက် ကင်မရာနှစ်လုံးမှာ တလုံးက 13MP, f/1.8 Sensor နဲ့ နောက်တလုံးက Depth effect တွေအတွက် 2MP sensor ဖြစ်ပါတယ်။ Display ရှေ့က Notch အတွင်းမှာတော့ 16MP selfie ကင်မရာကို တွေ့ရမှာပါ။

Y Smart က Android Pie နဲ့ ဖြစ်ပေမယ့်လည်း Y7 Pro ကတော့ Android Oreo-based EMUI 8.2 နဲ့ပဲ ဖြစ်တာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပါတယ်။ Bluetooth 4.2 ၊ 2.4 GHz Wi-Fi standards တွေ အသုံးပြုနိုင်မှာဖြစ်ကာ၊ ဘက်ထရီကတော့ 4,000mAh ဆိုတော့ မဆိုးပါဘူး။ ဒါပေမယ့် လက်ဗွေရာဆန်ဆာ လုံးဝ မပါဝင်ဘဲ Face Unlock နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

Huawei Y7 Pro (2019) ကို Huawei Vietnam ဝဘ်ဆိုဒ်နဲ့ Lazada တို့မှာ ကြည့်ရှု နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဗီယက်နမ်ဒေါင် ၃,၉၉၀,၀၀၀ ဆိုတော့ အမေရိကန်ဒေါ်လာ ၁၇၀ လောက် ကျသင့်ပါမယ်။ သင့်တင့်တဲ့ ဈေးနှုန်းပါ။ အနက်ရောက်နဲ့ အပြာရောင် နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ ဇန်နဝါရီလ ၅ ရက်နေ့က စတင်ဝယ်ယူနိုင်ပါပြီ။ အစောဆုံး ဝယ်ယူသူတွေကို Bluetooth စပီကာ လက်ဆောင် ပေးသွားမယ်လို့ သိရပါတယ်။

Ref: GSM Arena

Snapdragon 450 နဲ့ Huawei Y7 Pro (2019) ထွက်ရှိ

%d bloggers like this: