Sound on Display နည်းပညာနဲ့ OLED Panel များကို CES 2019 မှာ Samsung ပြသမည်

Notch ဖျောက်ဖို့ ကြိုးစားနေတဲ့ ဖုန်းကုမ္ပဏီတွေထဲမှာ Samsung လည်း အပါအဝင်ပါ။

လွန်ခဲ့တဲ့လတုန်းက Samsung Display ဟာ မျိုးဆက်သစ်စခရင်နည်းပညာလေးမျိုးကို စတင်ပြသခဲ့ပြီး၊ ယနေ့မှာတော့ အဆိုပါလေးမျိုးထဲက တမျိုးကို ဈေးကွက်ဝင် ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်း ထွက်ပေါ်လာပါတယ်။ Sound on Display (SoD) လို့ နာမည်ပေးထားတဲ့ အဆိုပါနည်းပညာကို Las Vegas မြို့မှာ ဇန်နဝါရီလ ကျင်းပမယ့် CES 2019 ပွဲမှာ စမ်းသပ်ပြသသွားဖို့ ရှိပါတယ်။

Samsung ရဲ့ Sound on Display (SoD) နည်းပညာဟာ တုန်ခါမှုနည်းနဲ့ မျက်နှာပြင်ကနေ အသံထုတ်လွှတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဖုန်းနားထောင်ခွက် (Earpiece) ထည့်စရာမလိုတော့ဘဲ ဖုန်းမျက်နှာပြင်ကို နားကပ်လိုက်ရုံနဲ့ အသံကြားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ SID 2018 မှာ ပြသသွားပုံအရ ဆိုရင် Earpiece နီးပါး အသံကျယ်လောင် ကောင်းမွန်တဲ့ နည်းပညာတခု ဖြစ်ပါတယ်။

စခရင်ကနေ အသံထုတ်တဲ့နည်းဟာ ပြောရမယ်ဆိုရင် အသစ်တော့ မဟုတ်ပါဘူး။ Xiaomi ရဲ့ ပထမဆုံး Mi Mix ဖုန်းမှာ Piezoelectric Speaker ( ဖိအားလျှပ်စစ်နည်းဖြင့် အသံထုတ်လွှတ်နိုင်သည့် စပီကာ) ကို ဖုန်းစခရင်အောက်မှာ ထည့်ပြီး ထုတ်ဖူးပါတယ်။ Vivo NEX S စမတ်ဖုန်းမှာလည်း အလားတူ နည်းပညာ အသုံးပြုခဲ့ပါတယ်။ Samsung ကတော့ တတိယမြောက် OEM ဖြစ်လာမှာပါ။

Sound on Display နည်းပညာကြောင့် Earpiece ထားစရာ မလိုတော့တဲ့အတွက် ဖုန်းမျက်နှာပြင်မှာ နေရာ ပိုလွတ်လာမှာ ဖြစ်ပါတယ်။ စခရင်အပေါက်ဖောက်ပြီး ရှေ့ကင်မရာထားမယ့် Samsung Infinity-O Display နဲ့ ပေါင်းစပ်လိုက်ရင် လုံးဝ စခရင်အပြည့်ဖုန်းတလုံး ဖြစ်လာနိုင်ပါတယ်။ Samsung ဟာ အထက်ပါ နည်းပညာ ၂ ခုလုံးကို Galaxy S10 ဖုန်းအသစ်မှာ သုံးမယ်လို့ သတင်းပြေးနေပါတယ်။

Sound on Display AMOLED Panel တွေကို Samsung Display ဌာနက ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် တခြား ဖုန်းကုမ္ပဏီ OEM တွေလည်း မှာယူ အသုံးပြုနိုင်ဖို့ ရှိပါတယ်။

Ref: Android Community, Slash Gear, Android Authority

Sound on Display နည်းပညာနဲ့ OLED Panel များကို CES 2019 မှာ Samsung ပြသမည်

%d bloggers like this: