Samsung Galaxy Note 9 အတွက် Android 9 Pie ကို ဇန်နဝါရီလ ၁၅ မှာ ရမည်

ဆမ်ဆောင်းက သူ ကတိပေးထားတဲ့ အတိုင်း ဇန်နဝါရီလမှာ Galaxy Note 9 အတွက် Android 9 Pie ကို ဖြန့်ချီပေးတော့မှာ ဖြစ်ပါတယ်။ Galaxy Note 9 အတွက် Android 9 Pie ကို Beta အနေနဲ့ လက်ရှိမှာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Samsung Turkey Website က အဲဒီ စမတ်ဖုန်းအတွက် Android 9 Pie ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖြန့်ချီမယ်လို့ ဖော်ပြထားပါတယ်။

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် နိုဝင်ဘာလက ဖြန့်ချီပေးလိုက်ပါတယ်။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့ ဆော့ဖ်ဝဲမှာ Samsung Experience မပါတော့ဘဲ အသစ် ကြေညာလိုက်တဲ့ One UI ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ One UI ဟာ သူ့ရဲ့ Device များမှာ User Experience အသစ်များ ရဖို့ ပြန်လည် ဆန်းသစ်ထားတာလို့ ကုမ္ပဏီက ပြောပါတယ်။

Android 9.0 Pie မှာ Unicode 11.0 Emojis ကို ထောက်ပံ့လာပါတယ်။ Clock Styles အသစ်များ ပါလာပါတယ်။ Always On-Display မှာ အားသွင်းနေတဲ့ သတင်းအချက်အလက်များကို ပြသပေးလာပါတယ်။ Samsung DeX ကို Dual-Display အတွက် ထောက်ပံ့လာပါတယ်။ Samsung DeX ကို USB-C to HDMI Adapter အားလုံးနဲ့ တွဲဖက် အသုံးပြုလာနိုင်ပါတယ်။

ကင်မရာရဲ့ Color Rendering ကိုလည်း သင် နှစ်သက်သလို ပြောင်းလဲချိန်ညှိနိုင်ပါတယ်။ ဒါပေမယ့် Samsung Apps အချို့ကို Galaxy App Store ကနေ သင် ကိုယ်တိုင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သူတို့မှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ ဥပမာအားဖြင့် Samsung Pay မှာ Debit Cards များကို စီမံခန့်ခွဲဖို့ Interface အသစ် ပါလာပါတယ်။ Samsung File Browser ကလည်း Phone Storage မှာ ဖိုင်များကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

Ref : gsmarena

Samsung Galaxy Note 9 အတွက် Android 9 Pie ကို ဇန်နဝါရီလ ၁၅ မှာ ရမည်

%d bloggers like this: