LG G8 ကို MWC 2019 မှာ ပြသမည်

LG က နောက်ထုတ်မယ့် ဖုန်းဟာ G8 ဖြစ်လာမှာ ဖြစ်ပြီး သူ့နောက်မှသာ 5G Phone ကို ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ G8 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ ကြေညာနိုင်ပါတယ်။

LG ဟာ Brand အသစ်ဖြင့် 5G Android Phone ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ 5G Phone ဟာ စွမ်းရည်မြင့် G Series ဖြစ်လာမှာ မဟုတ်ပါဘူး။ LG က လက်ရှိမှာ တောင်ကိုရီးယား၊ ဥရောပနဲ့ အမေရိကန်မှ Carriers များနဲ့ သူ့ရဲ့ 5G Phone အကြောင်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ယခင်သတင်းများအရ လာမယ့်နှစ် မေလမှာ 5G Phone ကို တောင်ကိုရီးယားနဲ့ အမေရိကန်မှာ ရောင်းချမယ်လို့ သိခဲ့ရပေမယ့် အခုတော့ အဲဒီထက် တစ်လ သို့မဟုတ် နှစ်လ စောပြီး ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

LG G8 က 4G Phone ဖြစ်ပြီး MWC မှာ ကြေညာပြီးနောက် မတ်လမှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ 3D Camera နဲ့ Waterdrop Notch ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း နှစ်လုံးကို မကြေညာခင်မှာ စွမ်းဆောင်ရည်သင့် LG Q9 ကို ကြေညာမှာ ဖြစ်ပါတယ်။ သူ့မှာ ၆.၁ လက်မ မျက်နှာပြင်နဲ့ Qualcomm Snapdragon 660 Chipset , 4GB RAM , 32GB Storage , 3000mAh Battery များ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

Ref : pocket-lint

LG G8 ကို MWC 2019 မှာ ပြသမည်

%d bloggers like this: