Samsung က တန်ဖိုးနည်း စမတ် စပီကာကို ဖန်တီးနေ

စမတ် စပီကာ ဈေးကွက်မှာ တန်ဖိုနည်း ၊ တန်ဖိုးကြီး စတဲ့ မော်ဒယ်များစွာ ထွက်ရှိနေပါတယ်။ Apple HomePod , Amazon Echo Plus များကတော့ တန်ဖိုးကြီး စမတ် စပီကာများ ဖြစ်ပါတယ်။ သူတို့ကို ယှဉ်ပြိုင်ဖို့ Samsung က တန်ဖိုးကြီး Galaxy Home Smart Speaker ကို သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အခုထက်ထိ ရောင်းချခြင်း မရှိသေးပါဘူး။ သူ့မှာ ဆမ်ဆောင်း ကိုယ်တိုင် ဖန်တီးထားတဲ့ Bixby Digital Assistant ထည့်သွင်းထားပါတယ်။

ဒါပေမယ့်လည်း ဆမ်ဆောင်းက တန်ဖိုးနည်း Bixby Smart Speaker အသစ်တစ်ခုကို ဖန်တီးနေတယ်လို့ SamMobile က ပြောပါတယ်။ သူဟာ တန်ဖိုးနည်း စမတ် စပီကာ ဈေးကွက်အတွက် ရည်ရွယ်ထားပြီး အနက်ရောင် ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ သူ့ရဲ့ Specifications များကိုတော့ မသိရသေးပါဘူး။ တန်ဖိုးနည်း မော်ဒယ် ဖြစ်တဲ့ အတွက် တန်ဖိုးကြီး Galaxy Home များလောက်တော့ Specification များက မကောင်းနိုင်ပါဘူး။

တန်ဖိုးကြီး Galaxy Home မှာတော့ စပီကာ ခြောက်လုံး၊ Subwoofer တစ်လုံးနဲ့ မိုက်ကရိုဖုန်း ရှစ်လုံး ထည့်သွင်းထားပါတယ်။ တန်ဖိုးနည်း စပီကာရဲ့ မော်ဒယ်နံပါတ်ဟာ SM-V310 ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် နယ်ပယ်မှာတော့ Google နဲ့ Amazon တို့ဟာ နာမည်ကြီးပါတယ်။ Samsung ရဲ့ Bixby ဟာ သူတို့ကို ယှဉ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : theverge

Samsung က တန်ဖိုးနည်း စမတ် စပီကာကို ဖန်တီးနေ

%d bloggers like this: