တရုတ်က ဗီဒီယို ဂိမ်း အသစ်များကို Ban ထားခြင်းအား ဖြေလျှော့ပေး

တရုတ်မှာ လူငယ်များစွာဟာ ဂိမ်းများကို အရူးအမူး ကစားနေကြတဲ့ အတွက် မျက်လုံးကွယ်ခြင်း၊ သေဆုံးခြင်းနဲ့ အခြား ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနေတာကို လျှော့ချဖို့ အတွက် တရုတ် အစိုးရက ယခုနှစ် မတ်လမှာ ဗီဒီယို ဂိမ်း အသစ်များ ရောင်းချခြင်းအား ပိတ်ပင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် တရုတ်မှာ ဗီဒီယို ဂိမ်း အသစ်များ ရောင်းချ ဖြန့်ချီခြင်းကို ပိတ်ပင်ထားတာ တစ်နှစ်နီးပါး ရှိပါပြီ။

အခုတော့ အစိုးရက ဗီဒီယို ဂိမ်း အသစ်များ ရောင်းချခြင်းအား ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးလိုက်ပါပြီ။ ဂိမ်း အသစ် ၈၀ ကို တရုတ် အာဏာပိုင်များက ခွင့်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့်အဲဒီ ဂိမ်းများထဲမှာ တရုတ်ရဲ့နာမည်အကြီးဆုံး ဂိမ်း ကုမ္ပဏီ တန်းစန့်ရဲ့ ဂိမ်းများတော့ မပါဝင်ပါဘူး။ တန်းစန့်ဟာ နာမည်ကျော် WeChat ကို ပိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ WeChat App ကနေ လူများ ဆက်သွယ်နိုင်တဲ့အပြင် ငွေပေးချေခြင်း၊ အစားအစာများ မှာယူခြင်းများကိုပါ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် တန်းစန့်ရဲ့ အဓိက ဝင်ငွေဟာ ဗီဒီယို ဂိမ်းများ ဖြစ်ပါတယ်။ သူ ဖန်တီးထားတဲ့ ဂိမ်းများထဲမှာ Arena of Valor ( Honor of Kings) , League of Legends များ ပါဝင်ပါတယ်။ နာမည်ကျော် PlayerUnknown’s Battleground နဲ့ Fortnite တို့မှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။

ဒါပေမယ့် ယခုနှစ် မတ်လမှာ တရုတ်က ဗီဒီယို ဂိမ်း အသစ်များ ရောင်းချခြင်းအား ပိတ်ပင်လိုက်တဲ့ အတွက် တန်းစန့်ဟာ ဝင်ငွေများစွာ ထိခိုက်ခဲ့ပါတယ်။ ယခုတစ်ပတ် အစောပိုင်းမှာ တရုတ် အစိုးရက ဂိမ်း အသစ်များ ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးမယ်ဆိုတဲ့ သတင်းထွက်လာတဲ့ အတွက် တန်းစန့် အတွက် မျှော်လင့်ချက် ရောင်ခြည် သမ်းလာပါတယ်။ ဒါပေမယ့်လည်း ဖြေလျှော့ပေးလိုက်တဲ့ ဂိမ်း အသစ်များထဲမှာ တန်းစန့် ရဲ့ ဂိမ်းများ ပါမလာခဲ့ပါဘူး။ နောက်ပိုင်းထုတ် ဂိမ်း အသစ်တိုင်းကို တရုတ် အစိုးရက ခွင့်ပြုမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref : theverge

တရုတ်က ဗီဒီယို ဂိမ်း အသစ်များကို Ban ထားခြင်းအား ဖြေလျှော့ပေး

%d bloggers like this: