ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

QuietON Sleep

အမေရိကန် လူမျိုး ၂၅ ရာခိုင်နှုန်းဟာ အိပ်ရင် ဟောက်တတ်ကြပါတယ်။ အဲဒီအတွက် လင်မယား ၊ စုံတွဲများ အတူ အိပ်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်ကြရပါတယ်။ အခုတော့ ဒီပြဿနာကို QuietON Sleep က ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။ သူဟာ နားကြပ်နဲ့ ဆင်တူပေမယ့် ဟောက်သံများကို မကြားရအောင် အထူး ဖန်တီးထားပါတယ်။ သူ့မှာ Active Noise Cancelling နည်းပညာ ထည့်သွင်းထားပြီး ဟောက်ခြင်းလို Low Frequency Sounds များကို ဖယ်ရှားပေးပါတယ်။ သာမာန် နားကြပ်များကတော့ ဟောက်သံများကို မတားဆီးပေးနိုင်ပါဘူး။ အလွန်ပျော့ပြောင်းတဲ့ အရာဝတ္ထုဖြင့် ဖန်တီးထားတဲ့အတွက် နားမှာ တပ်ဆင်ထားရင် သက်တောင့်သက်သာ ရှိပါတယ်။ သူ့ကို တပ်ဆင်ထားချိန်မှာ တစ်စုံတစ်ယောက်က သင့်ကို စကားလာပြောရင်လည်း သူ့ကို ချွတ်စရာ မလိုပါဘူး။ လက်နဲ့ တစ်ချက် ထိလိုက်တာနဲ့ Hearing Mode ကို ပြောင်းပေးမှာ ဖြစ်ပါတယ်။ သူ့မှာ နာရီ ၂၀ အသုံးခံတဲ့ ဘက်ထရီ ပါပါတယ်။ ၁၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Aerones

Aerones ဟာ စွယ်စုံသုံး ဒရုန်း ဖြစ်ပြီး လတ်ဗီးယား ကုမ္ပဏီက တီထွင်ထားပါတယ်။ စွမ်းရည်မြင့်မားပြီး မီးသတ်ခြင်း၊ ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး အပါအဝင် အလုပ်များစွာ လုပ်ပေးနိုင်ပါတယ်။ သူဟာ မီတာ ၁၀၀ အမြင့်အထိ ပျံသန်းနိုင်တဲ့အတွက် စက်ရုံ ခေါင်မိုးများကို ရေဖြင့် သန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။ သူဟာ မီးအပူဒဏ်ကိုလည်း ခံနိုင်တဲ့အတွက် မီးသတ်ရာမှာ အသုံးဝင်ပါတယ်။ ကျဉ်းမြောင်းတဲ့ နေရာများမှာလည်း ပျံသန်းနိုင်ပြီး အတားအဆီးများကို ရှောင်လွှားနိုင်ပါတယ်။ ကြီးမားတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်တဲ့အတွက် ရေနစ်နေတဲ့ လူကို ကယ်တင်နိုင်ပါတယ်။ Aerospace Grade Material ဖြင့် ပြုလုပ်ထားတဲ့အတွက် မာကျောကြံ့ခိုင်ပါတယ်။ သူ့ကို ထိန်းချုပ်နိုင်တဲ့ Controller နှစ်ခု ပါရှိပါတယ်။ ပျက်ကျသွားရင် မပျက်ဆီးစေဖို့ သူ့မှာ လေထီး သုံးခုပါပါတယ်။ မိနစ် ၂၀ အထိ ပျံသန်းနိုင်ပါတယ်။

Iwalk 2.0

ချိုင်းထောက်များ၊ လက်ကိုင်တုတ်များကို မနှစ်သက်သူများအတွက်တော့ လမ်းလျှောက် အကူ ကိရိယာ တစ်ခုကို တီထွင်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Iwalk 2.0 ဖြစ်ပြီး ခြေထောက် မသန်မစွမ်းသူများ၊ ဒဏ်ရာရထားသူများအတွက် အသုံးဝင်ပါတယ်။ သူဟာ ဆုရထားတဲ့ စွမ်းရည်မြင့် ကိရိယာ တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာက ထူးခြားဆန်းသစ်ပါတယ်။ အသုံးပြုသူဟာ လက် အကူအညီကို ရယူစရာ မလိုပါဘူး။ သူ့ကို ခြေထောက်မှာ အလွယ်တကူ ဖြုတ်၊ တပ် နိုင်ပါတယ်။ သူ့ရဲ့ အမြင့်၊ အရွယ်အစားတို့ကို ချိန်ညှိနိုင်ပါတယ်။

Ref : gigadgets

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

%d bloggers like this: