နှစ်သစ်ကူးညမှာ ဒရုန်းများဖြင့် ကင်းလှည့်မယ့် နယူးယောက် ရဲဌာန

အကြမ်းဖက် သမားများက ဒရုန်းများမှာ ဗုံးများ တပ်ဆင်ပြီး တိုက်ခိုက်မှုများ ဖြစ်ပွားနေပါတယ်။ အဲဒီအတွက် ဒရုန်းများကို နှိမ်နင်းဖို့ နည်းလမ်းများကို ဖန်တီးလာကြပါတယ်။ အချို့က ဒရုန်းများအား တိုက်ခိုက်ဖို့ သိမ်းငှက်များကို လေ့ကျင့် သင်ကြားပေးထားပါတယ်။ ဒရုန်းများနဲ့ ထိန်းချုပ်သူများ အကြားမှ ရေဒီယိုလှိုင်းများကို ဖြတ်တောက်နိုင်တဲ့ ကိရိယာများကိုလည်း ဖန်တီးလာကြပါတယ်။ ဒါ့အပြင် ဒရုန်းများကို တိုက်ခိုက်ဖို့ ဒရုန်းများကိုပဲ အသုံးပြုတဲ့ နည်းပညာများလည်း ထွက်ပေါ်လာပါပြီ။

အခုတော့ နယူးယောက် ရဲဌာနက New York’s Times Square မှာ ကျင်းပမယ့် နှစ်သစ်ကူးပွဲတော်မှာ လုံခြုံရေးအတွက် ဒရုန်းများကို ပထမဆုံး အကြိမ် အဖြစ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒရုန်းများက အကြမ်းဖက် သမားကို စုံစမ်းထောက်လှမ်းရုံ သာမက ဗုံးများ တပ်ဆင်ထားတဲ့ ဒရုန်းများကိုပါ နှိမ်နင်းပေးမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်သစ်ကူးပွဲတော်ကို Times Square မှာ လူပေါင်းများစွာဖြင့် စည်ကားစွာ ကျင်းပကြပါတယ်။

အဲဒီလို ပွဲတော်ကြီးမှာ လုံခြုံရေး ပြုလုပ်ရတာလည်း မလွယ်ကူပါဘူး။ အခုတော့ ရဲဝန်ထမ်းများ အပြင် ဒရုန်းများလို ခေတ်မှီ နည်းပညာများကိုပါ အသုံးပြုလာကြပါတယ်။ နယူးယောက်မြို့ရဲ့ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးနဲ့ စုံစမ်းထောက်လှမ်းရေး ဌာနရဲ့ အကြီးအကဲ ဖြစ်သူ John Miller က Portable Camera ပေါင်း ၁၂၂၅ လုံး အပါအဝင် ဒရုန်းများစွာဖြင့် နှစ်သစ်ကူးပွဲတော် လုံခြုံရေးကို တိုးမြှင့်သွားမယ်လို့ မီဒီယာများကို ပြောပါတယ်။

ပွဲအတွင်းမှာလည်း အရပ်ဝတ်ဝတ်ထားတဲ့ ရဲအရာရှိများစွာက စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ရဲ အရာရှိပေါင်း ထောင်ဂဏန်းကို အသုံးပြုမယ်လို့ သိရပါတယ်။ ဟယ်လီကော်ပတာများ၊ ဗုံးရှာတဲ့ ရဲခွေးများ၊ မော်တော်ကားများကိုလည်း လုံခြုံရေးမှာ အားဖြည့်ထားမှာပါ။

Ref : theverge

နှစ်သစ်ကူးညမှာ ဒရုန်များဖြင့် ကင်းလှည့်မယ့် နယူးယောက် ရဲဌာန

%d bloggers like this: