Xiaomi Mi 8 နဲ့ Mi 8 Explorer များမှာ ကင်မရာ လုပ်ဆောင်ချက် အသစ်နှစ်ခုကိုရရှိပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်များကို MIUI 10.1.2.0 Software Update ကနေ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ Mi 8 မှာ Low-light Photo များဟာ လန်းပြီးသား ဖြစ်ပါတယ်။ အခုတော့ဒီထက် ပိုလန်းတော့မှာ ဖြစ်ပါတယ်။
လုပ်ဆောင်ချက်တစ်ခုက Night Mode ဖြစ်ပြီး သူဟာ Google Pixel Device များမှ Night Sight နဲ့ တူပါတယ်။ အလင်းရောင် နည်းပါးတဲ့အချိန်များမှာ ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးပြီး အကောင်းဆုံး တစ်ပုံကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Mi Mix 3 မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုတော့ Mi 8 နဲ့ Mi 8 Explorer Edition များမှာပါ အသုံးပြုနိုင်ပါပြီ။
ဒုတိယ လုပ်ဆောင်ချက်က 960fps Super Slow Motion Video များကို ရိုက်ကူးနိုင်ခြင်း ဖြစ်ပြီး သူ့ကိုလည်း Mi Mix 3 မှာ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Mi 8 နဲ့ Mi 8 Explorer Edition များမှာပါ ရရှိပြီ ဖြစ်ပါတယ်။ Xiaomi Mi 8 Pro မှာလည်း Super Night Scene နဲ့ 960fps Super Slow Motion Video များကို မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena
Xiaomi Mi 8 မှာ Night Mode နဲ့ 960fps Slow Mo များ ရပြီ