ပထမ တပတ်အတွင်း ကြည့်ရှုသူဦးရေ ၄၅ သန်းကျော်နဲ့ Netflix စံချိန်ချိုးသွားတဲ့ Bird Box

Netflix မှာ ပြသလျက်ရှိပြီး၊ လက်ရှိ ရေပန်းစားနေတဲ့ Bird Box ရုပ်ရှင်ဟာ Netflix စံချိန် ချိုးသွားခဲ့ပါတယ်။

Sandra Bullock ပါဝင်သရုပ်ဆောင်ထားတဲ့ Bird Box ရုပ်ရှင်ဟာ ရုပ်ရှင်ဝေဖန်ရေးဝဘ်ဆိုဒ် Rotten Tomatoes ရဲ့ မဆိုးဘူးလို့ ပြောလို့ရတဲ့ ရမှတ် ၆၅ ရာခိုင်နှုန်းလည်း ရရှိထားပါတယ်။

Netflix ရဲ့ Tweet တခုမှာ ကြေညာချက်အရ Bird Box ရုပ်ရှင်ကို ယခုအခါ Netflix အကောင့်ပေါင်း ၄၅ သန်းကျော်က Stream လုပ် ကြည့်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီစံချိန်ဟာ Netflix ရုပ်ရှင်ကားတကားကို ပထမဆုံး ပြသတဲ့ ရက်သတ္တပတ်အတွင်း လူကြည့်အများဆုံး စံချိန် ဖြစ်ပါတယ်။

Netflix ဟာ ပုံမှန်အားဖြင့် သူ့ ရုပ်ရှင်ကားတွေ တီဗီရှိုးတွေကို လူ ဘယ်လောက် ကြည့်ပြီးလဲဆိုတဲ့ အရေအတွက်တွေကို ဖွင့်ဟ လေ့ သိပ်မရှိပါဘူး။ အရမ်း အကြည့်များမှသာ Share လေ့ ရှိတာပါ။

Netflix ကြည့်ရှုမှု ပမာဏ တိုင်းတာရေး ပြင်ပဝန်ဆောင်မှုတွေရဲ့ ကိန်းဂဏန်းအရ Netflix Original ရုပ်ရှင်တကားဖြစ်တဲ့ ‘Birght’ ဟာ စတင် ပြသတဲ့ ပထမ သုံးရက်အတွင်းမှာ လူ ၁၁ သန်း ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ Netflix နာမည်ကျော် တီဗီစီးရီးတခုဖြစ်တဲ့ ‘Stranger Things’ ရဲ့ ဒုတိယမြောက် Season ကိုတော့ ပထမ ပြသတဲ့ သုံးရက်အတွင်းမှာတင် လူ ၁၅.၈ သန်း ကြည့်ရှုခဲ့ကြပါတယ်။

Cloverfield univer ရဲ့ တတိယမြောက် ရုပ်ရှင်ကားလို့ ပြောလို့ရတဲ့ ‘The Cloverfield Paradox’ ကိုတော့ ပထမ တပတ်အတွင်းမှာ လူဦးရေ ၅ သန်း ကြည့်ရှုခဲ့ကြပါတယ်။ J.J Abrams ရဲ့ Bad Robot Production က ထုတ်လုပ်တဲ့ The Cloverfield Paradox ကတော့ Paramount ဆီက ပြသခွင့် ပြန်ဝယ်ယူထားတဲ့ ကား ဖြစ်ပါတယ်။

အဆိုပါ အရေအတွက်တွေနဲ့ ယှဉ်ရင် ‘Bird Box’ ရုပ်ရှင်ကားဟာ တော်တော် ရလဒ်ကောင်းနေတဲ့ အနေအထားပါ။

Bird Box ရုပ်ရှင်ကားဟာ အွန်လိုင်းမှသာမက အပြင်မှာပါ လူပြောများနေတဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး၊ Horror ပရိတ်သတ်တွေရဲ့ ဘုရင်တဆူဖြစ်တဲ့ Stephen King ကိုယ်တိုင်က ဝေဖန်ရေးသမားတွေရဲ့ ဆိုးဝါးတဲ့ မှတ်ချက်တွေကို လျစ်လျူရှုကာ ကြည့်သင့်တဲ့ ကားကောင်းတကောင်းဖြစ်ကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။ Stephen King ကြောင့် ပိုမို လူစိတ်ဝင်စားခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။

Ref: Tech Crunch

ပထမ တပတ်အတွင်း ကြည့်ရှုသူဦးရေ ၄၅ သန်းကျော်နဲ့ Netflix စံချိန်ချိုးသွားတဲ့ Bird Box

%d bloggers like this: