0 Shares 156 Views

Time မဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအကြီးမားဆုံး အီလက်ထရောနစ်ပစ္စည်း ၅၀ စာရင်းမှာ iPhone ထိပ်ဆုံးက ပါဝင်

May 05, 2016
0 156

TIME မဂ္ဂဇင်းက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအကြီးမားဆုံး အီလက်ထရောနစ် ပစ္စည်းအမျိုး ၅၀ စာရင်းမှာ Apple ရဲ့ iPhone က ထိပ်ဆုံးနေရာက ဦးဆောင်လျက်ရှိပါတယ်။

“ Apple ဟာ တကယ့်ကိုစွမ်းဆောင်ရည်မြင့်တဲ့ကွန်ပြူတာတစ်လုံးကို လူသားသန်းပေါင်းများစွာရဲ့ အိတ်ကပ်ထဲမှာတင် ထည့်ထားနိုင်အောင် လုပ်ပေးခဲ့တဲ့ ပထမဆုံးကုမ္ပဏီဖြစ်ပါတယ်။ iPhone ဟာ မိုဘိုင်းအက်ပလီကေးရှင်းတွေကို လူသုံးများ၊တွင်ကျယ်လာအောင် လုပ်ပေးခဲ့သလို၊ ကျနော်တို့ လူသားတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပုံ၊ ဂိမ်းကစားပုံ၊ ဈေးဝယ်ယူပုံ၊ အလုပ်လုပ်ပုံ စတဲ့ နေ့စဉ် လုပ်ငန်းတာဝန်ပေါင်းမြောက်များစွာကိုလည်း ထာဝရပြောင်းလဲပစ်နိုင်ခဲ့ပါတယ်” လို့ Time က ရေးသားထားပါတယ်။

Time ရဲ့ ယခုစာရင်းမှာ iPhone အပြင် Apple ရဲ့ တခြားထုတ်ကုန်တွေဖြစ်တဲ့ Macintosh ကွန်ပြူတာက user interface ပုံစံကောင်းမွန်မှုကြောင့် တတိယနေရာက ပါဝင်နေပြီး၊ iPod က MP3 player တွေကို ပြည့်စုံကောင်းမွန်စေခဲ့တဲ့အတွက် န၀မနေရာကို ရောက်ရှိနေပါတယ်။ iPad က နံပါတ် ၂၅ နေရာမှာရှိပြီး၊ ပထမဦးဆုံး Wi-Fi laptop ဖြစ်တဲ့ iBook ကတော့ ၃၈ နေရာမှာ ရှိပါတယ်။

၂၀၀၉ ခုနှစ်ထုတ် Motorola DRIOID က Android စနစ်ကို လူသိများစေခဲ့ပြီး၊ Apple ရဲ့ အကြီးမားဆုံး စမတ်ဖုန်းပြိုင်ဘက်အဖြစ် Android စနစ်ကို တွန်းပို့ပေးနိုင်ခဲ့တဲ့အတွက် နံပါတ် ၂၀ နေရာ ရောက်နေတာကလွဲရင်၊ ဒီစာရင်းမှာ Android နဲ့ ပတ်သတ်ပြီး သိပ်မပါဝင်ခဲ့ပါဘူး။

သုံးစွဲသူတွေထံ လုံးဝမဖြန့်နိုင်ခဲ့တဲ့ Google Glass ကတော့ နောက်ဆုံးပိတ် နံပါတ် ၅၀ နေရာမှာပါ။

အီလက်ထရောနစ်စက်ပစ္စည်းတွေရဲ့ သမိုင်းကြောင်းကို ဒီထက် ပိုလေ့လာချင်တယ်ဆိုရင်တော့ Time မဂ္ဂဇင်းက တင်ဆက်ထားတဲ့ သမိုင်းတစ်လျှောက်လွှမ်းမိုးမှု အမြင့်ဆုံးစက်ပစ္စည်းအမျိုး ၅၀ ကို ဒီမှာ လေ့လာနိုင်ပါတယ်။

Ref: TIME

 

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category