0 Shares 168 Views

ဇူလိုင်လတွင်ဖြန့်ချိမည့် Sony Xperia X စီးရီးဖုန်းဈေးနှုန်းများထွက်ပေါ်လာ

May 05, 2016
0 168

Sony ဟာ သူတို့ရဲ့ ထုတ်လုပ်မယ့် Xperia X အမျိုးအစားဖုန်းသုံးမျိုးထဲက နှစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထုတ်ကုန်ပစ္စည်းတွေကိုတော့ လာမယ့် ဇူလိုင်လမှသာ ထုတ်လုပ်မှာဖြစ်ပြီး Xperia X နဲ့ XA အတွက် အမှာစာတွေကို ယူကေနဲ့ ဂျာမနီကလွဲလို့ ဥရောပနိုင်ငံတွေမှာ မှာယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အမျိုးအစားသုံးမျိုးထဲက နောက်ဆုံးတစ်မျိုးဖြစ်တဲ့ Xperia X Performance ရဲ့ဈေးနှုန်းတွေကိုလည်း ကြေငြာထားခဲ့တာဖြစ်ပြီး အမှာစာတွေ ရနိုင်နေပြီဖြစ်တဲ့ ဥရောပက ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတွေမှာ ယူရို ၆၉၉ (ကျပ် ၉၄၄,၀၀၀ ခန့်) နဲ့ အီတလီနဲ့ စပိန်နိုင်ငံတွေမှာ ယူရို ၇၂၉ (၉၈၀,၀၀၀ ခန့်) ရှိမယ်လို့ သိရပါတယ်။ Xperia X Performance ကို ဥရောပနိုင်ငံတွေမှာ အွန်လိုင်းကနေမှာယူနိုင်နေပြီဖြစ်ပါတယ်။

ဒီအဓိကစမတ်ဖုန်းအမျိုးအစားတွေကို ပြင်သစ်၊ အီတလီ၊ စပိန်၊ နယ်သာလန် နဲ့ ဆွီဒင်နိုင်ငံတွေမှာ ရရှိနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတွေတင်ပို့မှုကိုတော့ လာမယ့် ဇူလိုင်လ (ဇူလိုင်လ ၄ရက်) နေ့မှာသာစတင်မှာဖြစ်ပါတယ်။ အလတ်တန်းစားဖုန်းတစ်မျိုးဖြစ်တဲ့ Xperia XA ကို နေရာတော်တော်များများမှာ ၂၉၉ယူရို (ကျပ် ၄သိန်းခန့်) နဲ့ စပိန်နိုင်ငံမှာ (ကျပ် ၄၄၂,၀၀၀ ခန့်) အသီးသီးရှိမှာပါ။ Sony Xperia X အတွက်တော့ ဥရောပဇုန်ရဲ့ တချို့နိုင်ငံတွေမှာ ၅၉၉ယူရို (၈၀၅,၀၀၀ ခန့်) နဲ့ အီတလီနဲ့ စပိန်နိုင်ငံတွေမှာတော့ ၆၂၉ယူရို (၈၄၆,၀၀၀ ခန့်) ရှိမှာပဲဖြစ်ပါတယ်။

Xperia X ကို လာမယ့် မေလ ၂၃ရက်နေ့မှာ ရရှိနိုင်မှာဖြစ်ပြီး XA ကိုတော့ ဇွန်လ ၂၀ရက်နေ့မှာ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ထွက်ရှိမယ့် Sony Xperia X မျိုးဆက်တွေရဲ့ Video တွေကို ဒီလင့်ကနေကြည့်ရှုနိုင်ပါတယ်။

Ref: GSM Arena

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category