0 Shares 98 Views

Offline မှာ အင်တာနက်သုံးနိုင်ပြီး ဂရိတ်ဖရု အရွယ်အစားသာရှိတဲ့ ၇၉ဒေါ်လာတန် Endless Mini ကွန်ပျူတာ

 

endless_mini_screenshot

 

ဆန်ဖရန်ဆစ္စကို အခြေစိုက် နည်းပညာလုပ်ငန်းသစ် Endless ဟာ စမတ်ဖုန်းနဲ့ တတ်ဘလတ် ခေတ်မှာ သာမန်မဟုတ်တဲ့ စီးပွားရေး တစ်မျိုးကို လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ သူတို့ဟာ Desktop ကွန်ပျူတာတွေကို ထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး သူတို့ထုတ်လုပ်မယ့် ကွန်ပျူတာတွေကိုတော့ ကမ္ဘာ တစ်ဝှမ်းက ဘီလီယံ နဲ့ ချီတဲ့ လူထုက ၀ယ်ယူနိုင်ချေရှိပါတယ်။

Endless ကုမ္မဏီဟာ ဂရိတ်ဖရုသီး အရွယ်အစားသာရှိတဲ့ ကွန်ပျူတာတစ်မျိုးကို CES ပွဲတော်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ အဲဒီ ကွန်ပျူတာကိုတော့ Endless Mini လို့ ခေါ်ပြီး ကို ကွန်ပျူတာရဲ့ အားသာချက်ကတော့ အင်တာနက် ချိတ်ဆက်မှု မရှိတဲ့ အချိန်တွေမှာလည်း ၀က်ဘ်ဆိုက်တွေကို ဖွင့်ထားနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ၇၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်တာကြောင့် ကမ္ဘာ့အဆင်းရဲဆုံး ဒေသ တွေမှာပါ ခေတ်သစ် နည်းပညာကို အသုံးပြုနိုင်စေတော့မှာပါ။

“ကမ္ဘာပေါ်မှာ ကွန်ပျူတာ မပိုင်ဆိုင်တဲ့ လူတွေ ဘီလီယံ နဲ့ ချီရှိနေတာကို သတိထားမိခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ အလိုအပ်ဆုံးက ဈေးအသက်သာ ဆုံး ကွန်ပျူတာတွေကို ထုတ်လုပ်နိုင်ဖို့ပါ။ နောက်ထပ်လိုအပ်တာက အင်တာနက်ချိတ်ဆက်မှုပါ” လို့ Endless ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Matt Dalio က ဆိုပါတယ်။

ထို Endless Mini ကွန်ပျူတာဟာ Content အကြောင်းအရာ 650 MB ခန့်ကို ကြိုတင်ထည့်သွင်းပေးထားတဲ့အတွက် Wikipedia နဲ့ Khan အကယ်ဒမီရဲ့ ပညာရေးအကြောင်းအရာတွေကို အင်တာနက် မလိုပဲ ရှာဖွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အင်တာနက်ချိတ်လိုက်တဲ့အခါမှာလည်း ထို Content အကြောင်းအရာတွေကို Update လုပ်ပေးသွားမှာဖြစ်ပြီး နောက်တစ်ကြိမ်မှာ ထို Update လုပ်ထားတဲ့ content အသစ်တွေကို အင်တာနက်မလိုပဲ ထပ်မံ ဖတ်ရှုနိုင်သွားမှာပါ။

ထို Mini ကွန်ပျူတာဟာ ၇၉ ဒေါ်လာနဲ့ ရနိုင်အောင် ဖန်တီးပေးထားတဲ့အတွက် ကီးဘုတ် ၊ မောက်စ် တို့လို ချိတ်ဆက် အသုံးအဆောင်တွေ အပါအ၀င် မော်နီတာတို့ကိုတော့ ကိုယ့်ဘာသာကိုယ် ၀ယ်ယူရမှာပါ။ မော်နီတာ အတွက်ကတော့ ဘယ်တီဗွီနဲ့မဆို ချိတ်ဆက် အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Endless Mini ကို ဂွာတီမာလာ နိုင်ငံမှာ အဓိက ရောင်းချဖို့စီစဉ်ထားပြီး မက္ကဆီကို နဲ့ တရုတ်နိုင်ငံတို့မှာလည်း ဈေးကွက် ချဲ့ထွင်နိုင်ဖို့ အစီအစဉ်တွေရှိနေပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဂွာတီမာလာ နိုင်ငံမှာ ထို Endless Mini ကို တစ်လ ၃ ဒေါ်လာ နှုန်းနဲ့ အရစ်ချရောင်းချ ပေးသွားမယ်ဆိုတာပါပဲ။

ထို ကွန်ပျူတာ အသေးစားမှာ ဒေတာ သိုလှောင်နိုင်မယ့် Storage ပမာဏ 24 GB ပါဝင်ပြီး ARM Cortex-A Processor ကို အသုံးပြုထားကာ အက်ပလီကေးရှင်း ၁၀၀ ခန့်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက် စနစ်ကတော့ Linux ကို အခြေခံထားပါတယ်။

Ref : Gadgets 360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category