0 Shares 77 Views

Google Keyboard ၏နောက်ဆုံးထွက်ဗားရှင်းတွင် One-Handed Mode ပါဝင်လာ

Google ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Google Keyboard Version အသစ်ကိုထုတ်ပြန်ခဲ့ပြီး အသုံးပြုသူတွေအနေနဲ့ Keyboard ရဲ့အမြင့်၊ အမြန်စာရိုက်နိုင်မှုနဲ့ emoji တွေကို အဆင့်မြှင့်တင်ခဲ့တဲ့အပြင် One-handed Mode လို့ခေါ်တဲ့ လက်တစ်ဖက်တည်းနဲ့ စာရိုက်တဲ့ လုပ်ဆောင်ချက်တွေကိုပါ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

လက်ရှိ Google Keyboard ဟာ လုံးဝအပြားပုံစံဖြစ်ပြီး ကီးတွေနဲ့ ကွာခြားမှုသိပ်မရှိပါဘူး။ Option အသစ်မှာတော့ ကီးတွေကို ခလုတ်တွေကို တစ်ခုနဲ့တစ်ခုသေချာခွဲခြားထားတာကြောင့် စာရိုက်ရတာပိုမိုလွယ်ကူတာကို တွေ့ရပါတယ်။ အရင်ရှိပြီးသား Holo Theme ကတော့ ဒီ Update မှာမရှိတော့ဘူးလို့ Android Police ကရေးသားထားတာပါ။

ဒီ့အပြင် Google ဟာ One-handed mode ကိုထည့်သွင်းခဲ့ပြီး comma ဒါမှမဟုတ် search/enter ခလုတ်ကို နှိပ်ရာမှာ လွယ်ကူလျင်မြန်ပြီး လက်တစ်ဖက်နဲ့ စာရိုက်နိုင်အောင် စီစဉ်ထားတာပဲဖြစ်ပါတယ်။

ဒါဟာ စမတ်ဖုန်းရဲ့ ဆိုက်တွေကြီးလာတာကြောင့် လက်တစ်ဖက်ထဲနဲ့ စာရိုက်ရမယ့် အခက်အခဲ ဖြစ်ပေါ်လာကတည်းက ဖြစ်ပေါ်နေတဲ့ပြဿနာတစ်ရပ်ကို ဖြေရှင်းပေးလိုက်တာပါ။  အဲ့ဒီအပြင် ကီးဘုတ်ရဲ့အမြင့်ကို မြှင့်နိုင်၊ နိမ့်နိုင်အောင်လည်း ချိန်ညှိနိုင်မှာပါ။ နောက်ထပ်ပါဝင်လင်တဲ့ Gesture အသစ်အရ စကားစုတစ်ခုလုံးကို ဖျက်ရာမှာလွယ်ကူလာတယ်လို့ သိရပါတယ်။

Ref: Techno Buffalo

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category