အသက်၁၀နှစ်အရွယ် Hacker ကလေးငယ် Instagram ကိုဟက်နိုင်ခဲ့

ဖင်လန်နိုင်ငံရှိ အသက်ဆယ်နှစ်အရွယ် Helsinki ဆိုတဲ့ ဟက်ကာကလေးငယ်ဟာ Facebook ပိုင်ဆိုင်တဲ့ Apps ကို ဟက်နိုင်တဲ့ အသက်အငယ်ဆုံး အဖြူရောင်ဟက်ကာ ဖြစ်လာတယ်လို့ သိရပါတယ်။ သူ့ရဲ့နောက်ဆုံးနာမည်ကို ကိုယ်ရေးကိုယ်တာဆိုင်ရာ လုံခြုံရေးကြောင့် မပြောခဲ့ပေမယ့် Jani ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အဲ့ဒီကလေးဟာ Instagram မှာတင်ထားတဲ့ ပုံတွေအောက်က Comment တွေကို သူကိုယ်တိုင်ရွေးချယ်ပြီး ဖျက်ပြခဲ့တာပါ။ Facebook ရဲ့ ပျော့ကွက်တွေကို တိုက်ခိုက်ဖို့အတွက် ကုမ္ပဏီအနေနဲ့ စမ်းသပ်အကောင့်တစ်ခုကို ပြုလုပ်ခဲ့ပြီး အဲ့ဒီ Post အောက်က Comment တွေကို ဖျက်ပြခဲ့တာပါ။ တုံ့ပြန်မှုအနေနဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်ကြီးဟာ ဟက်ကာကလေးငယ်ကို ဒေါ်လာတစ်သောင်း ဆုချီးမြှင့်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဘယ်သူ့ကို မဆိုဖယ်ရှားရှင်းလင်းနိုင်ပါတယ်။ Justin Bieber ကိုတောင်ပေါ့” လို့ Jani က ပြောခဲ့ပါတယ်။ ဒီဟာကွက်ဟာ Facebook ရဲ့ Programming Interface အနေနဲ့ Comment တွေကို Delete လုပ်ဖို့အတွက် အမိန့်ပေးတဲ့သူဟာ တကယ် Comment ပေးတဲ့သူလား၊ တခြားတစ်ယောက်က ကြားဖြတ်စေခိုင်းတာလား မသဲကွဲတာကြောင့်ဖြစ်တယ်လို့ Facebook ကဆိုပါတယ်။

Jani က သူရရှိထားတဲ့ ဆုကြေးတွေကို ဘောလုံးပစ္စည်းတွေနဲ့ စက်ဘီးအသစ်တစ်စင်းဝယ်ဖို့ အသုံးပြုမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ YouTube က ဗီဒီယိုတွေကိုကြည့်ပြီး ရိုးရှင်းစွာပဲ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ရဲ့ ပျော့ကွက်ကို ရှာဖွေဖော်ထုတ်ခဲ့တာပါ။

Facubook ရဲ့ Bug Bounty Program ဟာ သူတို့ လူမှုကွန်ယက်ရဲ့ ဟာကွက်၊ ပျော့ကွက်တွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ မည်သူကိုမဆို ငွေသားဆုငွေပေးချေတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တစ်နှစ်ထဲမှာတင် ဒီပရိုဂရမ်အတွက် ဒေါ်လာ ၉၃၆၀၀၀ ကို ရှာဖွေဖော်ထုတ်သူပေါင်း ၂၁၀ကို ပေးအပ်ခဲ့ပါတယ်။ ပရိုဂရမ်စတင်ကြေငြာခဲ့တဲ့ ၂၀၁၁ခုနှစ်ကနေ ယနေ့အထိ ဒေါ်လာ ၄.၃သန်းရှိတဲ့ ဆုကြေးငွေကို ရှာဖွေဖော်ထုတ်သူတွေဆီ ဆုချခဲ့ပြီးဖြစ်ပါတယ်။

Ref: Android Authority

%d bloggers like this: