ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ဈေးနှုန်းချိုသာစွာ ပေးအပ်ထားတဲ့ ASUS VivoBook X407 နဲ့ X507

နေ့စဉ် အသုံးပြုဖို့အတွက် ဈေးနှုန်းချိုသာပြီး ဒီဇိုင်း ဆန်းသစ်လှပတဲ့ လက်ပ်တော့ ရှာဖွေနေသူတွေကို ASUS ရဲ့ VivoBook X407/507 လက်ပ်တော့အသစ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

VivoBook X407 နဲ့ X507 တို့ဟာ ၂၀၁၈၊ မတ်လကမှ ထိုင်ဝမ်မှာ မိတ်ဆက်သွားခဲ့တဲ့ အသစ်စက်စက် လက်ပ်တော့မော်ဒယ်တွေ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် 8th Generation Intel Core i3 Processors ၊ NVIDIA GeForce MX130 Discrete Graphics တို့နဲ့ ထွက်ရှိလာတဲ့ စွမ်းဆောင်ရည်မြင့် လက်ပ်တော့တွေ ဖြစ်ပါတယ်။ Full-screen ခေတ်နဲ့အညီ ဘောင်ကျဉ်းမြောင်းတဲ့ NanoEdge Display ကိုလည်း လက်ပ်တော့မော်ဒယ်နှစ်ခုစလုံးမှာ အသုံးပြုပေးထားပါတယ်။

ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း

အများသူငါ လက်လှမ်းမီနိုင်တဲ့ Affordable Price Range ထဲမှာ ဒီဇိုင်းမိုက်တဲ့ လက်ပ်တော့တွေ ရှားပါတယ်။ ဒါပေမယ့်  ASUS VivoBook X407 နဲ့ X507 တို့ဟာ ဈေးကွက်ထဲမှာ ရှိတဲ့ ၁၄ လက်မ နဲ့ ၁၅ လက်မ တန်ဖိုးနည်းလက်ပ်တော့တွေထဲမှာ စတိုင်အကျဆုံး လက်ပ်တော့တွေလို့ဆိုရင် မမှားပါဘူး။

X507 က မျက်နှာပြင် ၁၅.၆ လက်မရှိပြီး၊ X407 ကတော့ ၁၄ လက်မ ရှိပါတယ်။ အလွန်ပါးလျပြီး၊ ဘောင်ကျဉ်းမြောင်းတဲ့ NanoEdge Display ကို သုံးထားတာကြောင့် Display Size တူတဲ့ တခြား လက်ပ်တော့တွေနဲ့ ယှဉ်ရင် ကိုယ်ထည်က ပိုမို သေးငယ်ကျစ်လျစ်နေပါတယ်။

အလေးချိန်ကလည်း X407 (SSD model) မော်ဒယ်မှာဆိုရင် ၁.၄၃ ကီလိုဂရမ်ပဲ ရှိကာ၊ X507 (SSD Model) မော်ဒယ်မှာ ၁.၆၈ ကီလိုဂရမ်ပဲ ရှိပါတယ်။ ၁၄ လက်မ ကျော်တဲ့ လက်ပ်တော့တွေဟာ များသောအားဖြင့် ကိုယ်ထည်လည်း ထူတတ်ကြပါတယ်။ ဒါပေမယ့် X407 နဲ့ X507 မော်ဒယ် ၂ ခုလုံးမှာတော့ ၂၁.၉ မီလီမီတာပဲ အထူ ရှိပါတယ်။ နေ့စဉ် သယ်ဆောင် အသုံးပြုရာမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ ပေါ့ပေါ့ပါးပါး ယူဆောင်သွားနိုင်မယ့် ကျစ်လျစ်ပါးလျတဲ့ လက်ပ်တော့တွေ ဖြစ်ပါတယ်။

သတ္တုကိုယ်ထည်မှာ ဘရပ်ရှ်နဲ့ ပွတ်ထားသလိုမျိုး အစင်းကြောင်းလေးတွေနဲ့ ပြောင်လက်တောက်ပနေတဲ့ လက်ပ်တော့အဖုံးကလည်း စွဲမက်စရာပါ။ Icicle Gold နဲ့ Star Grey ဆိုပြီး Classic ဆန်တဲ့ ကာလာ နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

မြင်ကွင်းကျယ်အရသာကို ခံစားနိုင်မယ့် NanoEdge Display

Full-screen ခေတ်မှာ Laptop တွေလည်း Full-screen ဖြစ်ဖို့ လိုအပ်လာပါပြီ။ VivoBook X407 နဲ့ X507 နှစ်ခုလုံးမှာ တကယ်ရောက်သွားတဲ့အလား Immersive Viewing Experience ကို ပေးစွမ်းဖို့အတွက် ဘောင်တွေ သေးငယ်တဲ့ NanoEdge FHD Display ကို အသုံးပြုပေးထားပါတယ်။ ဘောင်တွေ ကျဉ်းမြောင်းတာကြောင့် စခရင်ဧရိယာ ပိုကျယ်သွားပါတယ်။

ဒါ့အပြင် Viewing Angel ကလည်း ၁၇၈ ဒီဂရီအထိ ရှိတဲ့အတွက် လက်ပ်တော့ အစွန်ကနေ ကြည့်ရင်တောင် ကာလာ ပြောင်းသွားတာမျိုး၊ အလင်းအမှောင် ကျသွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရုပ်ရှင် အတူတူ ကြည့်တဲ့အခါမျိုးမှာ Viewing Angel က တော်တော် စကားပြောပါတယ်။

နေ့စဉ်အသုံးပြုဖို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်

VivoBook X407 နဲ့ X507 တို့ဟာ ASUS Laptops တွေထဲမှာ ဈေးနှုန်းအချိုသာဆုံး လက်ပ်တော့တွေ ဖြစ်ပေမယ့်၊ ဈေး အများကြီး ပိုကြီးတဲ့ မော်ဒယ်တွေက စွမ်းဆောင်ရည်မြင့် အစိတ်အပိုင်းတွေကို သုံးပေးထားပါတယ်။ Intel ရဲ့ 8th Gen Intel Core i3 Processor နဲ့ မြန်နှုန်းမြင့် 4GB DDR4 RAM တို့ ပါဝင်ပါတယ်။ ဒါ့အပြင် NVIDIA MX130 ဂရပ်ဖစ်ကတ် သီးသန့် ပါဝင်တာကြောင့် Integrated Graphics ထက် ပိုမို သာလွန် ကောင်းမွန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ရရှိမှာပါ။ MX130 အသစ်ဟာ အရင်က GeForce MX940 နဲ့ တူညီတာကြောင့် ဂိမ်းတော်တော်များများကို အဆင်ပြေပြေ ဆော့ကစားနိုင်ပါလိမ့်မယ်။

Storage အနေနဲ့ 5400RPM HDD 1TB ပါရှိသလို၊ ပိုမို မြန်ဆန်သွက်လက်မှု လိုချင်ရင် M.2 SSD ကိုလည်း Upgrade ပြုလုပ်နိုင်ပါသေးတယ်။ HDD တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည် ကျတတ်တာကြောင့် SSD Upgrade ပြုလုပ်နိုင်တာက ကောင်းမွန်တဲ့ အချက်တခုပါ။

ASUS VivoBook X407 နဲ့ 507 တို့မှာ ပါရှိတဲ့ Ports တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အားအမြန်သွင်းစနစ်ပါတဲ့ ဘက်ထရီ

ဘတ်ဂျတ်လက်ပ်တော့မော်ဒယ်ဆိုပေမယ့် အားအမြန်သွင်းစနစ်နဲ့ ဘက်ထရီ ပါဝင်ပါတယ်။ ဘက်ထရီ ၆၀ ရာခိုင်နှုန်းကို ၄၉ မိနစ်အတွင်း အမြန်သွင်းနိုင်ပါတယ်။

ကောင်းမွန်တဲ့ ကီးဘုတ်

X407 နဲ့ X507 က ကီးဘုတ်မှာ ကီးခလုတ်တွေက ပြွတ်သိပ်မနေဘဲ၊ စာရိုက်ဖို့ အကောင်းဆုံး အနေအထား ရှိပါတယ်။ Key travel ကလည်း 1.4mm သာ ရှိတဲ့အတွက် အရမ်းအားစိုက် ဖိရိုက်စရာမလိုဘဲ၊ သက်တောင့်သက်သာနဲ့ ရိုက်နိုင်မှာပါ။ Numpad ပါရှိတဲ့အတွက် ကိန်းဂဏန်းအတွက်အချက် ပြုလုပ်ရာမှာ အဆင်ပြေပါတယ်။

ဘတ်ဂျတ်ကီးဘုတ်တော်တော်များများက Trackpad ဟာ သုံးရ သိပ်အဆင်မပြေတတ်ပါဘူး။ များသောအားဖြင့် ပလတ်စတစ် သီးသန့် ဖြစ်တာကြောင့် သုံးရတာ ကပ်စေးစေး နိုင်ပါတယ်။ X407 နဲ့ X507 က Trackpad ကတော့ Glass coating အုပ်ပေးထားတဲ့အတွက် ချောချောချူချူ အသုံးပြုနိုင်ပါတယ်။ Multi-gesture input နဲ့ လုပ်ဆောင်ချက်တော်တော်များများကို Trackpad နဲ့တင် လုပ်ဆောင်နိုင်ပါတယ်။

ပိုမို စိတ်ချရတဲ့ လုံခြုံရေး

X 407 နဲ့ X507 Trackpad အပေါ်ထောင့်လေးမှာ လက်ဗွေရာဆန်ဆာ ပါဝင်ပါတယ်။ Windows 10 “Hello” စနစ် အသုံးပြုနိုင်တာကြောင့် Password ရိုက်စရာမလိုဘဲ လက်ချောင်းတင်လိုက်ရုံနဲ့ Unlock လုပ်နိုင်မှာပါ။ ၃၆၀ ဒီဂရီဘက်ပေါင်းစုံကနေ Unlock လုပ်နိုင်သလို၊ လက်ရေစိုနေရင်တောင် Unlock ပြုလုပ်နိုင်ပါတယ်။

သီးသန့်ဆော့ဖ်ဝဲနှင့် နည်းပညာများ

Laptop brand တခုကို ရွေးချယ်တဲ့အခါ ဘယ်လို Exclusive Software တွေ နည်းပညာတွေ ပါလဲ ကြည့်ဖို့ကလည်း အရေးကြီးပါတယ်။ ASUS က ထုတ်တဲ့ လက်ပ်တော့မော်ဒယ် အကုန်လိုလို အသံထွက်ကတော့ ရှယ်တွေ ချည်းပါပဲ။ ယခု X407 နဲ့ X507 တို့မှာလည်း SoniceMaster နည်းပညာနဲ့ အသံထွက်စနစ်ပါဝင်ပါတယ်။ Hardware၊ Software နဲ့ အသံချိန်ညှိမှုနည်းပညာတွေကို ပေါင်းစပ်ထားတဲ့ Sonic Master Premium ဟာ ဘေ့စ်သံကောင်းကောင်းနဲ့ ကျယ်လောင်ပြီး၊ ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ပေးစွမ်းနိုင်မှာပါ။

ဒါ့အပြင် ဗီဒီယို၊ ပုံရိပ်တိုင်းကို အလင်းအမှောင်၊ တောက်ပ၊ ပြတ်သားမှု၊ အရောင်အရည်အသွေး ကောင်းသထက် ပိုကောင်းအောင် ချိန်ညှိပေးမယ့် Tru2Life Video Enhancement ၊ လက်ပ်တော့ တနေကုန် အသုံးပြုရသူတွေ မျက်စိညောင်းညာ ကိုက်ခဲမှု မဖြစ်စေဖို့အတွက် Blue Light လျော့ချပေးတဲ့ Eye Care Mode စတဲ့ အမိုက်စား Features တွေကိုလည်း လက်ပ်တော့ မော်ဒယ် ၂ မျိုးလုံးမှာ တွေ့မြင်ရမှာပါ။

ဈေးနှုန်းချိုသာပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာအားလုံးကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်တဲ့ ASUS VivoBook X407 နဲ့ X507 လက်ပ်တော့တွေကို ပြည်တွင်း ဈေးကွက်မှာ $499 နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Ref:Asus

{Unicode}

 

%d bloggers like this: