Xiaomi ရဲ့ 48MP Phone ဟာ Redmi Pro 2 ဖြစ်နိုင်

ရှောင်မီက ၂၀၁၆ ခုနှစ်ထုတ် Redmi Pro ရဲ့ မျိုးဆက်သစ်ကို ဖန်တီးနေပါတယ်။ သူ့ရဲ့ အမည်မှာ Redmi Pro 2 ဖြစ်ပြီး တရုတ် လူမှုကွန်ယက် ဝီဘိုမှာ သူ့ရဲ့ Teaser များကို ရှောင်မီက မျှဝေလိုက်ပါတယ်။ သူ့မှာ Qualcomm Snapdragon 675 Chipset ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ရှောင်မီ မကြာခင်က အရိပ်အမြွက် ပြောကြားနေတဲ့ 48MP Camera ဟာ အဲဒီ စမတ်ဖုန်းမှာ ပါလာမယ်ဆိုတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့မှာ အရှေ့ဘက်ကင်မရာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ သူဟာ မျက်နှာပြင်အောက်မှာ အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

Huawei Nova 4, Honor View 20 နဲ့ Samsung Galaxy A8s တို့လိုပဲ ကင်မရာ အပေါက်ကို မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်မှာ ထည့်သွင်းထားတာပါ။ ရှောင်မီရဲ့ အဲဒီ Redmi Phone ဟာ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ပထမဆုံး Redmi Phone ဖြစ်လာမှာပါ။

ယခုလအစောပိုင်းမှာ Xiaomi ရဲ့ ဥက္ကဌ ဖြစ်သူ လင်ဘင်က အရမ်းလန်းတဲ့ Teaser Image တစ်ခုကို မျှဝေခဲ့ပြီး ပုံမှာ ဖုန်းရဲ့ အနောက်ဘက်မှာ 48MP Camera ထည့်သွင်းထားပါတယ်။ လာမယ့်လမှာ သူ့ကို တရားဝင် ကြေညာမှာပါ။ သူဟာ Mi 9 ဖြစ်နိုင်တယ်လို့ ယခင်က သတင်းထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်း သတင်း အသစ်အရ သူဟာ Redmi Series ထဲက ဖြစ်ပြီး တန်ဖိုးနည်းမှာပါ။ အခုတော့ Redmi Pro 2 ဆိုတာ သိလိုက်ရပါပြီ။

Redmi Pro 2 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ အဲဒီအထဲက တစ်လုံးက 48MP ဖြစ်မှာပါ။ မြင်ကွင်းကျယ် ကင်မရာတစ်လုံး ပါလာမှာပါ။ သူဟာ ဈေးအကြီးဆုံး Redmi Phone ဖြစ်လာနိုင်ပေမယ့် ပြိုင်ဖက်များနဲ့ ယှဉ်ရင် ဈေးနှုန်းက သက်သာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ကြေးဟာ ယွမ် ၂၀၀၀ ( ၂၅၄ ယူရို) ကျသင့်နိုင်ပါတယ်။

Ref : gsmarena

Xiaomi ရဲ့ 48MP Phone ဟာ Redmi Pro 2 ဖြစ်နိုင်

%d bloggers like this: