YouTube မှာ Incognito Mode ကို အသုံးပြုနည်း

Bowser များမှာ Incognito Mode များ ပါရှိကြပါတယ်။ အဲဒီမုဒ်က သင်ကြည့်ခဲ့တဲ့ ဝက်ဘ်ဆိုက်များ၊ သင် အင်တာနက်မှာ ရှာဖွေခဲ့တာများကို ခြေရာလက်ရာ မကျန်အောင် ဖျောက်ပေးပါတယ်။ YouTube ရဲ့ Android App မှာလည်း Incognito Mode ကို မကြာခင်က ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Android မှာ Incognito Mode ကို အသုံးပြုနည်း

၁။ သင့် အန်းဒရွိုက်မှ YouTube App ကို ဖွင့်ပါ။

၂။ ညာဘက်အပေါ်ထောင့်မှ သင့် အကောင့်ရဲ့အိုင်ကွန်ကို နှိပ်ပါ။

၃။ “ Turn on Incognito “ ကို နှိပ်ပါ။

၄။ သင့်မှာ အဲဒီလုပ်ဆောင်ချက်ကို မတွေ့ရရင် YouTube App ကို Update လုပ်ပါ။

၅။ “Turn on Incognito” ကို နှိပ်ပြီးရင် စကရင်ရဲ့ အောက်ခြေမှာ “ You’re in Incognito Mode “ စာသားကို မြင်ရမှာ ဖြစ်ပါတယ်။

၆။ ဒါဆိုရင်တော့ သင်ကြည့်တဲ့ ဗီဒီယိုများ၊ သင် Search Box မှာ ရှာဖွေထားတဲ့ အရာများနဲ့ သင့် ထည့်သွင်းလိုက်တဲ့ သတင်းအချက်အလက်များကို သိမ်းထားပေးမှာ မဟုတ်ပါဘူး။

၇။ Incognito Mode ကို ပိတ်ချင်ရင် ညာဘက်အပေါ်ထောင့်မှ Incognito Mode Icon ကို နှိပ်ပါ။ “ Turn off Incognito Mode “ ကို နှိပ်ပါ။

Ref : alltechtipsandtricks

YouTube မှာ Incognito Mode ကို အသုံးပြုနည်း

%d bloggers like this: