Huawei P20 , P20 Pro နဲ့ Mate 10 Pro အတွက် Android Pie ရပြီ

Huawei P20 , P20 Pro နဲ့ Mate 10 Pro အပါအဝင် ဟွာဝေးရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဟာ Android 9.0 Pie အခြေပြု EMUI 9 Beta Version ကို ရရှိထားကြပါတယ်။ အခုတော့ Stable Version ကို ရရှိတော့မှာ ဖြစ်ပါတယ်။

ဥရောပမှာ ရှိတဲ့ Huawei P20 , P20 Pro နဲ့ Mate 10 Pro ပိုင်ရှင်များဟာ Android Pie Stable Version ကို အဆင့်မြှင့်ဖို့ သတိပေးစာရရှိနေပြီ ဖြစ်ပါတယ်။ ဗားရှင်း အသစ်မှာ User Interface ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။ Gesture အခြေပြု Navigation System ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Android 9.0 Pie ရဲ့ လုပ်ဆောင်ချက်များ ပါလာမှာ ဖြစ်ပါတယ်။ Mate 20 Series အသစ်များမှာ ရရှိထားတဲ့ EMUI 9.0 ရဲ့ လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားပါတယ်။

Quick Settings ကိုလည်း ဒီဇိုင်း ပြောင်းလဲထားပါတယ်။ အကြီးမားဆုံး ပြောင်းလဲမှုက ဘက်ထရီ အပိုင်းမှာ ဖြစ်ပါတယ်။ Android 9.0 Pie မှာ Adaptive Battery လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ ဟွာဝေးက Update ကို ကမ္ဘာအဝန်းမှာ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးမှာ ဖြစ်တဲ့ အတွက် သင့် ဖုန်းမှာ မရသေးရင် အချိန်ခဏစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဖြန့်ချီပေးလိုက်တဲ့ သတင်းဟာ တရုတ်မှာ Update ကို ဖြန့်ချီပေးလိုက်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟွာဝေးက ယခုဖုန်းများအတွက် ဖြန့်ချီပေးပြီးနောက်မှာ Mate 10 , Honor Play , Honor 10 , Honor View 10 တို့အတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ Mate 9 , P10 များအတွက် ဖြန့်ချီပေးမှာပါ။

Ref : gsmarena, phonearena

Huawei P20 , P20 Pro နဲ့ Mate 10 Pro အတွက် Android Pie ရပြီ

%d bloggers like this: