0 Shares 260 Views

လိပ်သိမ်းနိုင်တဲ့ဖန်သားပြင်တစ်မျိုးကို LG ပြသ

LG_CurvedDisplayCES

ဇန်န၀ါရီ ၆ ရက်နေ့ က ၉ ရက်နေ့ ထိ၊ အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်မြို့ မှာ ကျင်းပလျက်ရှိတဲ့ Consumer Electronics Show (CES) ပြပွဲမှာ ခေတ်မီဆန်းသစ်တဲ့နည်းပညာပစ္စည်းအများအပြားကို နာမည်ကြီး ကုမ္ပဏီအများအပြားက ပြသခဲ့ပါတယ်။

တောင်ကိုရီးယားအီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ LG Electronics Co. ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ LG Display ကုမ္ပဏီ ကလည်း CES ပြပွဲမှာ ကြည့်ရှုသူပရိတ်သတ်တွေကို ခေါက်နိုင်၊ လိပ်သိမ်းနိုင်တဲ့ တီဗီဖန်သားပြင် ရှေ့ ပြေးပုံစံတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။

မီးရောင်စုံလင်းလက်တောက်ပနေတဲ့ညမြင်ကွင်းကို ပြသထားတဲ့ LG ရဲ့ ၁၈ လက်မအရွယ် ဖန်သားပြင်ဟာ သတင်းစာတစ်စောင်လိုလည်း လိမ့်သိမ်းပစ်လို့ ရတာကို CES ပြပွဲမှာ LG က လက်တွေ့ ပြသခဲ့တာ ဖြစ်ပါတယ်။

LG Display ရဲ့ အလုပ်အမှုဆောင်အရာရှိ K.J.Jim က ယခု LG Display ရဲ့ဖန်သားပြင်ဟာ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သူတွေအတွက် စိတ်ကူးစိတ်သန်းအသစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ LG Display က ထုတ်လုပ်တဲ့ဖန်သားပြင်တွေကို Apple Inc. နဲ့ တခြား တရုတ်ဟန်းဆက်ထုတ်လုပ်သူတွေကို ရောင်းချထားလျက်ရှိပါတယ်။

LG Display နဲ့ အပြိုင် ဖန်သားပြင်ထုတ်လုပ်တဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Samsung Display Co. ဟာလည်း LG နည်းတူ ခေါက်သိမ်းနိုင်တဲ့ဖန်သားပြင်တွေထုတ်လုပ်မှုဘက်ကို ဦးတည်လျက်ရှိတာမို့ အနာဂတ် အီလက်ထရောနစ်ပစ္စည်းတွေ တော်တော်များများရဲ့ဖန်သားပြင်ဟာ ခေါက်နိုင်၊လိမ့်နိုင်တာကို သုံးစွဲသူတွေအနေနဲ့ တွေ့ မြင်ရဖို့ ရှိပါတယ်။

Samsung Electronics ကုမ္ပဏီဟာလည်း ၂၀၁၄ ခုနှစ်နှောင်းပိုင်းတုန်းက Galaxy Note စမတ်ဖုန်းရဲ့ ဖန်သားပြင်အကွေး ဖုန်းဗားရှင်းကို အကန့် အသတ်နဲ့ ထုတ်ခဲ့ဖူးပါတယ်။

Mr.Kim ရဲ့ ပြောကြားချက်အရ ဖန်သားပြင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ တာရှည်အကြမ်းခံတဲ့ ခေါက်သိမ်းနိုင်၊ ကွေးနိုင်တဲ့ ဖန်သားပြင်တွေကို မကြာမီဈေးကွက်ဝင်ထုတ်လုပ်နိုင်ဖို့ အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတယ် လို့ သိရပါတယ်။

Ref: Wall Street Journal

 

 

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares188 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category