Vivo ဟာ အနာဂါတ်လွန်နည်းပညာဖြစ်သည့် မျက်နှာပြင်နှစ်ဖက်ပါဝင်သော “Nex-Level” စမတ်ဖုန်းကို စတင်မိတ်ဆက်

ဈေးကွက်မှာ ပထမဦးဆုံးအဖြစ် မျက်နှာပြင်နှစ်ဖက်ရှိပြီး အနောက်ကင်မရာ သုံးလုံးတပ်ဆင်ထားကာ 10 GB RAM ပါဝင်တဲ့ NEX Dual Display Edition ဟာဆိုရင် ခံစားချက်အသစ်တစ်ခုကို ပေးစွမ်းမှာဖြစ်ပြီး ပိုမို သွက်လက်သော အတွေ့အကြုံကို ရရှိဦးမှာပါ။

Vivo ဟာ လက်ရှိ flagship series ဖြစ်တဲ့ NEX ကို တမူဆန်းသစ်သော အဆင့်မြှင့်တင်မှုတစ်ရပ် ပြုလုပ်ကာ တရုတ်နိုင်ငံမှာ စတင်မိတ်ဆက် လိုက်ပါတယ်။ NEX Dual Display Edition ဟာဆိုရင် ဦးဆောင်လမ်းပြ ဖောက်ထွက်မှုတွေနဲ့အတူ ဖန်တီးထားတဲ့ မြင်လွှာနှစ်ခုဒီဇိုင်းက မျက်နှာပြင်နှစ်ဖက်ဆိုတဲ့ ခံစားမှု စစ်စစ်ကို ပေးစွမ်းပါလိမ့်မယ်။ NEX Dual Display Edition မှာပါဝင်သော အဆင့်မြှင့်တင်ထားသည့် Triple Camera တပ်ဆင်မှု၊ ဈေးကွက်ကို ဦးဆောင်ထားတဲ့ နည်းပညာတွေကြောင့် ဒီဇိုင်းနဲ့ စွမ်းဆောင်နိုင်စွမ်း နှစ်ခုစလုံးမှာ တီထွင်ဆန်းသစ်တယ် ဆိုတာထက်ကို သာလွန်နေတာကို တွေ့ရမှာဖြစ်ပြီး စမတ်ဖုန်းအသုံးပြုခြင်းဆိုင်ရာ အတွေ့အကြုံကို နောက်ထပ်တစ်ဆင့် မြှင့်တင်လိုက်တာပါပဲ။

“Vivo ရဲ့ ပရီမီယံအဆင့် NEX Series တွေဟာ သုံးစွဲသူတွေအတွက် သာမာန်ထက်ထူးခြားသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရုံသာမက၊ စမတ်ဖုန်းတွေရဲ့ အနာဂါတ်ဒီဇိုင်းနဲ့ တိုးတက်မှုတွေပေါ် ခန့်မှန်းနိုင်စွမ်းတွေကိုပါ ရိုက်ဖျက်ပစ်လိုက်တာပါ။ အနာဂါတ်လွန် မြင်လွှာနှစ်ဖက်ဒီဇိုင်းနဲ့ တီထွန်ဆန်းသစ်လွန်းတဲ့ နည်းပညာတွေပေါင်းစပ်ထားတဲ့ NEX Dual Display Edition ဟာ Vivo ရဲ့ စဉ်ဆက်မပြက် စူးစမ်းရှာဖွေမှုတွေ၊ သုံးစွဲသူတွေအတွက် ထူးခြားဆန်းသစ်မှုတွေနောက် အမြဲလိုက်နေတယ်ဆိုတဲ့ အချက်တွေကို ပုံဖော်ပြသလိုက်တာပါပဲ” လို့ Vivo ရဲ့ ဒုတိယဥက္ကဋ္ဌ Spark Ni က ဆိုပါတယ်။

ဖြစ်နိုင်ချေတွေကို ဖွင့်ထုတ်လိုက်တဲ့ အနာဂါတ်လွန် မြင်လွှာနှစ်ဖက်ဒီဇိုင်း

အရှေ့ဘက်မှာ ပါဝင်တဲ့ 6.39 လက်မနဲ့ Ultra FullViewTM Display ဟာ ပြီးခဲ့သောမျိုးဆက်အတွက်တော့ အထင်ကြီးလောက်စရာ တိုးတက်မှုတစ်ခုပါ။ ဒါ့အပြင် screen-to-body အချိုးကို 91.63% အထိ တိုးမြှင့်ပေးထားပြီး Notch မပါဝင်တဲ့ Super AMOLED မျက်နှာပြင်ဟာ အသုံးပြုသူတွေအတွက် စွဲမက်ဖွယ်ရာ မြင်လွှာအတွေ့အကြုံကို ခံစားရစေမှာပါ။

အနောက်ဖက်မှာတော့ 5.49 လက်မရှိ Super AMOLED မျက်နှာပြင်ကို ထည့်သွင်းပေးထားတာကြောင့် NEX Dual Display Edition ဟာ လိုသလိုအသုံးချလို့ရတဲ့ အနောက်ကင်မရာနဲ့အတူ သမားရိုးကျမဟုတ်တဲ့ စမတ်ဖုန်း အတွေ့အကြုံကို ဆောင်ယူလာပေးခဲ့ပါပြီ။ အရည်အသွေးမြင့် Selfie ဓာတ်ပုံရိုက်ကူးမှုတွေဟာ ယခင်ကထက် ပိုမိုလွယ်ကူလာပြီဖြစ်သလို အသုံးပြုသူတွေအနေနဲ့ အနောက်ဘက်မှာရှိတဲ့ ပင်မကင်မရာကိုအသုံးပြုပြီး ပြီးပြည့်စုံတဲ့ Selfie ရှုထောင့်တွေကို ဖန်တီးနိုင်ပါတယ်။

ဒါ့အပြင် အနောက်ဘက် ကင်မရာမှာ ထည့်သွင်းပေးထားတဲ့ Lunar Ring ပတ်ပတ်လည်မှာ ရောင်ပြေးများပါပြီး အဲ့ဒီကနေ Notification တွေကို အချက်ပြနိုင်သလို၊ သီချင်းသံစဉ်အတိုင်းလည်း အရောင်ပြောင်းနိုင်ပါသေးတယ်။

အကောင်းဆုံးအခိုက်အတန့်တွေကို ဖမ်းယူမယ့် တီထွင်ဖန်တီးမှုအကောင်းဆုံး Triple Camera

အကောင်းမွန်ဆုံး ဓါတ်ပုံရိုက်ကူးမှု အတွေ့အကြုံတွေအတွက် ရှိစေရန် ဖန်တီးထားတဲ့ NEX Dual Display Edition မှာ 12 MP Dual-Pixel ပင်မကင်မရာ (Sony IMX363 Sensor နဲ့ 4 axix OIS တို့ထောက်ပံ့)၊ အထူးပြုလုပ်ထားသော ညရိုက်ဗီဒီယိုကင်မရာ နဲ့အတူ Time of Flight (TOF) 3D ကင်မရာတို့ ပေါင်းစပ်ပါဝင်ပါတယ်။

အကောင်းဆုံးအနေအထားနဲ့ ကင်မရာသုံးလုံး ပေါင်းစပ်ပါဝင်မှုက အလှပဆုံး အခိုက်အတန့်တွေကို ဖမ်းယူပေးနိုင်သလို၊ ဘယ်ရှု့ထောင့်ကမဆို အကောင်းဆုံး ဓါတ်ပုံတွေ ရရှိစေမှာပါ။ ပရိုအဆင့် ညရိုက်ဗီဒီယိုကင်မရာကလည်း လှုပ်ရှားမှုတွေ၊ အလင်းရောင်အားနည်းနေချိန်တွေမှာတောင် ရှင်းလင်းတည်ငြိမ်တဲ့ ပုံရိပ်တွေကို အသုံးပြုသူတွေအတွက် ရိုက်ကူးပေးနိုင်မှာ ဖြစ်သလို TOF 3D ကင်မရာကလည်း ကမ္ဘာကြီးကို နောက်ထပ် Dimension တစ်ခုမှ မြင်ခွင့်ရဖို့ ကူညီပေးဦးမှာပါ။ 3D အာရုံခံစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ အမှတ်တခုကနေ တစ်ခုအကွာဝေးကို တိုင်းတာနိုင်ရုံသာမက အသုံးပြုသူရဲ့ မျက်နှာသွင်ပြင်ကို 3D Model အဖြစ် ပုံဖော်နိုင်တာကြောင့် မျက်နှာသွင်ပြင်များကို မှတ်သားခြင်း၊ လုံခြုံရေးစနစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလှပြုပြင်ခြင်းတွေအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

အသုံးပြုသူတွေရဲ့ ဓါတ်ပုံရိုက်ကူးမှုဆိုင်ရာ အတွေ့အကြုံမှာ ကျေနပ်စရာလေးတွေ ထပ်ပေါင်းဖို့နဲ့ လုပ်ဆောင်ချက်တွေကို အမြင့်ဆုံးတိုးမြှင့်နိုင်ရန်အတွက် Mirror Mode နဲ့ Pose Director လိုမျိုး လက်တွေ့အသုံးဝင်မယ့် ကင်မရာ mode တွေကို NEX Dual Display Edition မှာ ထည့်သွင်း ဖန်တီးပေးထားပါသေးတယ်။ Mirror Mode ဟာ ဓါတ်ပုံရိုက်ကူးစဉ်ဖြစ်စေ၊ ဗီဒီယိုရိုက်ကူးစဉ်ဖြစ်စေ အသုံးပြုသူတွေရဲ့ပုံကို အနောက်ဖက်မြင်လွှာမှာ ဖော်ပြပေးမှာဖြစ်ပြီး Pose Director ကတော့ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အနောက်ဘက်မြင်လွှာမှာပဲ ပုံရိပ်ယောက်အနေနဲ့ ပြသပေးဦးမှာပါ။ တခြားကင်မရာလုပ်ဆောင်ချက်တွေဖြစ်တဲ့ AI Scene Recognition, AI Filters နဲ့ AI Portrait Framing တွေနဲ့ တွဲဖက်ကာ Lunar Ring ရဲ့ Selfie Softlight ပါထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ အကောင်းဆုံး ဓါတ်ပုံရိုက်ချက်တွေ ရရှိဖို့ဟာ ယခင်ကထက် ပိုမိုလွယ်ကူလာပြီပဲ ဖြစ်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာနဲ့ စွမ်းရည်အပြည့်ဝဆုံး လုပ်ဆောင်ချက်

Vivo ဟာ စမတ်ဖုန်းရဲ့ တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းတွေမှာ အကန့်အသတ်တွေကို တွန်းဖယ်ထားပေမယ့် လုပ်ဆောင်ချက်တွေ၊ စွမ်းဆောင်ရည်တွေမှာတော့ လျော့မသွားတာကို တွေ့ရမှာပါ။ NEX Dual Display Edition ဟာ Qualcomm ရဲ့ Snapdragon 845 octa-core processor ကို အသုံးပြုထားပြီး၊ 10GB RAM နဲ့ 128GB ROM တို့ ပါဝင်တာဖြစ်လို့ စွမ်းအင်အသုံးပြုမှုနည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့်မြင့်ကို ပိုင်ဆိုင်ရရှိစေမှာ သေချာသလောက်ပါပဲ။

ဒါ့အပြင် NEX Dual Display Edition ဟာ In-Display Fingerprint Scanning နည်းပညာ၊ မျက်နှာသွင်ပြင် မှတ်သားမှုတွေအတွက် TOF 3D ကင်မရာနဲ့ 3D အာရုံခံစနစ်တို့ ပါဝင်တာကြောင့် မျက်နှာပြင်ကို Unlock ပြုလုပ်ရာမှာ ပိုမြန်ပြီး ပိုလုံခြုံလာမှာပဲ ဖြစ်ပါတယ်။

NEX Dual Display Edition ဟာ နည်းပညာနဲ့ ဒီဇိုင်းနှစ်ခုစလုံးဟာ ကြီးမားသော ဖောက်ထွက်မှုတွေကို ပြုလုပ်ထားပြီး Vivo ရဲ့ Flagship Series တွေအတွက် နောက်ထပ် မှတ်တိုက်တစ်ခုကို စိုက်ထူလိုက်တာပါပဲ။ အဲ့ဒါက အံ့သြစရာကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းရင်း အကန့်အသတ်တွေကို ဖယ်ရှားလိုတဲ့ Vivo ရဲ့ ရည်မှန်းချက်ကို ရှင်းလင်းစွာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။

Vivo အကြောင်း

Vivo ဟာ စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုတွေအတွက် ဦးတည်ရာလမ်းကြောင်းသစ်တွေကို ဦးဆောင်လမ်းဖောက်နေသော နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Vivo ဟာ အားအင်ပြည့်ဝတဲ့ မိုဘိုင်းအင်တာနက် ဂေဟစနစ်တစ်ခု ဖြစ်ထွန်းလာရန်အတွက် အားထုတ်လျက်ရှိသလို အမေရိကန်နိုင်ငံ (San Diego မြို့) နဲ့ တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့တွေမှာ သုသေသနနဲ့ ဖွံဖြိုးရေးစင်တာ များလည်း တည်ထောင်ထားပါတယ်။ အဲ့ဒီစင်တာတွေဟာ 5G၊ AI၊ Mobile Photography နဲ့ မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတွေမှာ စားသုံးသူတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။

2017 ခုနှစ် နှစ်ကုန်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ Vivo ရဲ့ စမတ်ဖုန်းထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို နှစ်သက်သဘောကျစွာ အသုံးပြုနေကြသူပေါင်း သန်း ၂၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာတစ်လွှားရှိ ဈေးကွက် ၁၈ ခုမှာ အရောင်းဆိုင်များစွာကို မြို့ပေါင်း ၁၀၀၀ ကျော်မှာ ထားရှိပေးထားပါတယ်။

တီထွင်ဖန်တီးမှုကောင်းတဲ့ Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုတယ်ဆိုရင်တော့ www.vivo.com မှာ ကြည့်လို့ရပါတယ်။

{Unicode}

%d bloggers like this: