သင့် Android Device မှာ WiFi Password ကို ကြည့်ရှုနည်း

Android Device များမှာ WiFi Password များကို ပြသထားခြင်း မရှိပါဘူး။ ဒါပေမယ့် သင့် ဖုန်းကို Root လုပ်ထားရင် WiFi Password များကို သိနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။

Tip : သင့်အနီးအနားမှာ Router ရှိပြီး သင့် သူငယ်ချင်း ၊ မိတ်ဆွေများကို Password မထည့်ဘဲ ဝိုင်ဖိုင်လိုင်းကို အသုံးပြုစေချင်ရင် Router မှ WPS Push Button ကို နှိပ်ပါ။ Android Phone ရဲ့ WiFi Settings မှာ WPS Push ကို Activate လုပ်ပါ။ ဒါဆိုရင် အိုကေပါပြီ။ အိုင်ဖုန်းများမှာတော့ ဒီလိုလုပ်လို့ မရပါဘူး။

အဆင့် ၁ ။ ။ သင့်ဖုန်းကို Root လုပ်ပါ။

WiFi Password များကို သင့် ဖုန်းရဲ့ ဖိုင်စနစ်ထဲမှာ သိမ်းထားပြီး Root လုပ်ထားမှသာ ကြည့်နိုင်ပါတယ်။ သင့် ဖုန်းကို အရင်ဆုံး Root လုပ်ထားပါ။

အဆင့် ၂ ။ ။ Root Directory ကို သွားပါ။

Root Content များ အထိ ပြသပေးတဲ့ File Manager တစ်ခုကို အင်စတောလုပ်ပါ။ တစ်ခုကို ပြောပါဆိုရင် Amaze File Manager ဖြစ်ပါတယ်။ ပထမဆုံး Root Directory ကို ဖွင့်ဖို့ ဖိုင်မန်နေဂျာကို ခွင့်ပြုချက်ပေးပါ။ အဲဒီ Option ဟာ App Settings ရဲ့ အောက်ခြေမှာ ရှိပါတယ်။ ပြီးရင် data>misc>wifi ထဲသွားပါ။ wpa_supplicant.conf အမည်ရ ဖိုင်ကို ရှာပါ။ အဲဒီ ဖိုင်မှာ WiFi Password များကို ပြသထားပါတယ်။

Download Amaze File Manager

App သုံး၍ WiFi Password ကို ကြည့်ခြင်း။

သင့် ဖုန်းမှ WiFi Password များကို ပြသပေးတဲ့ App များ ရှိပါတယ်။ သူတို့ကို သုံးဖို့ အတွက်လည်း သင့်ဖုန်းကို Root လုပ်ထားဖို့ လိုပါတယ်။ အဲဒီလို App များထဲမှ တစ်ခုက WiFi Password Show ဖြစ်ပါတယ်။ သူ့ကို Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။

Download WiFi Password Show
Ref : androidpit

သင့် Android Device မှာ WiFi Password ကို ကြည့်ရှုနည်း

%d bloggers like this: