OnePlus ရဲ့ Brand Ambassador က Galaxy S9 ကိုင်နေကြောင်း ပြောမိသွားခဲ့

အိန္ဒိယ နာမည်ကြီး မင်းသားကြီး အမီတာဘချမ်းဟာ OnePlus ရဲ့ Brand Ambassador ဖြစ်ပါတယ်။ မကြာခင်က သူ့ရဲ့ Tweet တစ်ခုကြောင့် လူ ရီစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူက တွစ်တာမှာ သူ့ရဲ့ Samsung Galaxy S9 ရဲ့အဆင်မပြေမှုအချို့ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ သူက “ မျက်နှာပြင်မှာ ဆမ်ဆောင်း လိုဂို ပေါ်နေပြီး ဖုန်းကို အသုံးပြုလို့ မရ ဖြစ်နေပါတယ်။ Phone ကို ပါဝါ ပိတ်ထားရင်လည်း မီးတလက်လက် လင်းနေပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

သူဟာ OnePlus ရဲ့ Brand Ambassador တစ်ဦး ဖြစ်တဲ့ အတွက် ယခုလို ရေးသားထားမှုကြောင့် လူတွေက သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။ Xiaomi India ရဲ့ အကြီးအကဲ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ Manu Kumar Jain က အမီတာဘချမ်းရဲ့ ပို့စ်မှာ ကွန်းမန့် ဝင်ရေးခဲ့ပါတယ်။ Jain က Xiaomi ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများမှာ ဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူက ဖုန်း အမျိုးအစားကိုတော့ မပြောပေမယ့် Xiaomi Mi Mix 3 ဖြစ်နိုင်ပါတယ်။

သူက အမီတာ ဘချမ်းအား ဖုန်း ပြောင်းကိုင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ သူက အိန္ဒိယရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်း ဘရန်း ဖြစ်တဲ့ ရှောင်မီကို ပြောင်းသုံးဖို့ စွဲဆောင်လိုက်ပါသေးတယ်။ ရှောင်မီဟာ အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်နေပါတယ်။

Ref : androidheadlines

OnePlus ရဲ့ Brand Ambassador က Galaxy S9 ကိုင်နေကြောင်း ပြောမိသွားခဲ့

%d bloggers like this: