0 Shares 97 Views

မင်းသား “The Rock” က သူ့အသံနဲ့ပြုလုပ်ထားတဲ့ Ringtone တွေပါဝင်တဲ့ နှိုးစက်အက်ပလီကေးရှင်းကို ထုတ်လုပ်

May 03, 2016
0 97

နာမည်ကျော် ရုပ်ရှင်မင်းသားနဲ့ နပမ်းသမားကြီးတစ်ယောက်ဖြစ်တဲ့ Dwayne “The Rock” Johnson ကတော့ သူ့အသံနဲ့ ပြုလုပ်ထားတဲ့ Ringtone တွေပါဝင်တဲ့ နှိုးစက် အက်ပလီကေးရှင်း “The Rock Clock” ကို ထုတ်လုပ်ဖြန့်ချိလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ထုတ်လုပ်သူ “The Rock” ကတော့ သူဟာ နေ့တိုင်း မနက်လေးနာရီဆိုရင် အိပ်ရာထပြီး သူ့လက်ရှိပိုင်ဆိုင်နေတဲ့ ခန္ဒာကိုယ်ဖြစ်အောင် ကြိုးစားခဲ့တယ်လို့ဆိုပြီး လူတိုင်းကိုလည်း သူတို့ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ရောက်ရှိနိုင်အောင် ဒီ alarm clock လေးက ကူညီပေးနိုင်မယ်လို့ ထင်တယ်လို့ ပြောပါတယ်။

ဒီနှိုးစက်အက်ပလီကေးရှင်းမှာတော့ Ringtone အသံပေါင်း ၂၅ သံအထိ ပါဝင်ပြီး “The Rock” ကိုယ်တိုင်အသံသွင်းထားတဲ့ “Good Morning Sunshine” “Beach Jams” နဲ့ “Lovely Flute” နဲ့ တစ်ခြားသော Ringtone သံတွေလည်း ပါဝင်ပါတယ်။

the-rock-1

“The Rock Clock” မှာဆိုရင်တော့  ကိုယ်ဖြစ်ချင်တဲ့ Goal တွေကိုလည်း သတ်မှတ်နိုင်ပြီး “တစ်လအတွင်းဆယ်ပေါင်ကျရမယ်” “Six packs ရဖို့အတွက် ကြိုးစားနေတယ်” “ဒီလမှာ ဝန်ထမ်းကောင်းဆု ရရမယ်” အစရှိသဖြင့် ကိုယ်ဖြစ်ချင်တဲ့ goal ကို သတ်မှတ်လုပ်ဆောင်နိုင်ပါတယ်။

“The Rock Clock” နှိုးစက် အက်ပလီကေးရှင်းကိုတော့ iOS ရော ၊ Android တို့အတွက် ထုတ်လုပ်ထားပြီး App Store နဲ့ Google Play Store တို့နှစ်ခုလုံးမှာ ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အသံအားလုံးကလည်း အခမဲ့ပဲဖြစ်ပြီး ဒီအက်ပလီကေးရှင်းမှာ ဝယ်ယူဖို့အတွက် တစ်စုံတစ်ရာရှိမှာမဟုတ်ပါဘူး။

Ref : The Verge , Android Police

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category