OPPO ၏ပြည့်ဝသည့် Customer Service ဝန်ဆောင်မှုများနှင့်အတူ Realme ထုတ်ကုန်များကို ယခုဒီဇင်ဘာလအတွင်းမိတ်ဆက်ပေးသွားမည်

Realme အနေဖြင့် နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် မှတ်တမ်းကောင်းများကိုရယူစိုက်ထူ ပြီးနောက် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့လည်း ထုတ်ကုန်ကောင်းများကိုတင်သွင်းမိတ်ဆက်ပေးသွားရန်ရှိနေသည်။ နိုင်ငံတကာဈေးကွက်တွင် Realme 1, Realme 2, Realme C1, Realme 2 Pro နှင့် Realme U1 စမတ်ဖုန်းများကိုမိတ်ဆက်ပေးထားပြီဖြစ်ပြီး Realme ၏ Brand အနှစ်သာရဖြစ်သည့် “Power Meets Style” အတိုင်း စွမ်းဆောင်ရည်မြင့်မားပြီး စတိုင်ကျလှပသော ထုတ်ကုန်ကောင်းများကို လူငယ်မျိုးဆက်သစ်များအတွက်ဖန်တီးထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

နိုင်ငံတကာဈေးကွက်တွင် Realme အနေဖြင့် Xiaomi ၏အဓိကပြိုင်ဘက်အဖြစ်ပါ တရှိန်ထိုးမြှင့်မားလာခဲ့သည့်အတိုင်း မြန်မာပြည်ဈေးကွက်တွင်လည်း သုံးစွဲသူများအတွက် နောက်ထပ်ထူး ခြားသည့် ရွေးချယ်စရာ Brand တစ်ခုအဖြစ်ပါ မြင်တွေ့ရစေမည်ဖြစ်သည်။

Realme ၏ထုတ်ကုန်တိုင်းသည် သေသပ်လှပပြီး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းပုံစံများကိုအခြေခံထား သည့်အတွက် မိုဘိုင်းဖုန်းနှင့်ပတ်သက်၍ လူငယ်များ၏ပိုမိုတောင်းဆိုလာသော လိုအပ်ချက်များကိုအဓိကဖြည့် ဆည်းပေးနိုင်စေမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့တင်သွင်းရောင်းချပေးမည့် Realme ထုန်ကုန်များအတွက် Customer Service ကိုလည်း အပြည့်အဝပေးအပ်သွားမည်ဖြစ်ပြီး တောင့်တင်းခိုင်မာထားပြီးဖြစ်သော တစ်နိုင်ငံလုံးရှိ OPPO Service Center များတွင် ဝန်ဆောင်မှုကိုအပြည့်အဝရယူနိုင်စေမည်ဖြစ်သည်။

“Realme အနေနဲ့ နိုင်ငံတကာမှာ အောင်မြင်မှုတွေယူထားပြီဖြစ်တဲ့ ထုတ်ကု န်ကောင်းတွေကို မြန်မာပြည်မိုဘိုင်းလောက,က မျိုးဆက်သစ်လူငယ်တွေအတွက် အဓိကဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ထုတ်ကုန်အရည်အသွေးပိုင်းမှာဆိုရင်လည်း OPPO ရဲ့ထုတ်ကုန် များအတိုင်း ပြည့်ဝတဲ့အာမခံချက်ကိုရရှိစေမှာဖြစ်သလို လှပသေသပ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ထိတွေ့သုံး စွဲမှုကိုပါ ရရှိစေဦးမှုာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ Power Meets Style ဆိုတဲ့ Brand ဆောင်ပုဒ်နဲ့အညီ အကောင်းဆုံးတွေကို မြန်မာပြည်မိုဘိုင်းဈေးကွက်ဆီ အခုဒီဇင်ဘာလအတွင်းမှာပဲ ပို့ဆောင်ပေးသွားဖို့ စိတ်လှုပ်အရှားဆုံးဖြစ်နေပါပြီ” ဟု Realme ၏ CEO ဖြစ်သူ Mr.David က ပြောကြားသွားခဲ့သည်။

Ref:Realme

{Unicode}

OPPO ၏ပြည့်ဝသည့် Customer Service ဝန်ဆောင်မှုများနှင့်အတူ Realme ထုတ်ကုန်များကို ယခုဒီဇင်ဘာလအတွင်းမိတ်ဆက်ပေးသွားမည်

%d bloggers like this: