တရုတ်မှာ iPhone X, 8 နဲ့ iPhone အဟောင်းများ ရောင်းချမှုကို ပိတ်ပင်

Qualcomm က Apple နဲ့ ရင်ဆိုင်နေရတဲ့ အမှုမှာ အနိုင်ရသွားပါတယ်။ တရုတ်မှ တရားရုံးုတစ်ခုက တရုတ်မှာ iPhone X, 8 , 8 Plus နဲ့ iPhone 6s အထိ မော်ဒယ် အဟောင်းများအား တင်သွင်း ရောင်းချခြင်းကို ပိတ်ပင်လိုက်ပါတယ်။

Apple ဟာ Qualcomm ပိုင်တဲ့ Patents ၂ ခုကို ယူသုံးထားတယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ Patent များဟာ ဓါတ်ပုံ အရွယ်အစားကို ချိန်ညှိခြင်းနဲ့ ထိတွေ့ မျက်နှာပြင်မှာ App များကို Navigate လုပ်ခြင်းများနဲ့ သက်ဆိုင်နေပါတယ်။ အဲဒါတွေဟာ Software Patents များ ဖြစ်ပြီး Apple က iOS 12 မှာ ဒီလုပ်ဆောင်ချက်များကို မထည့်ထားဘူးလို့ ပြောပါတယ်။

တရုတ်မှာ ပိတ်ပင်လိုက်တဲ့ အထဲမှာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်းများ ဖြစ်တဲ့ iPhone XS, XS Max နဲ့ XR များ မပါဝင်ပါဘူး။ ဒါဟာ Apple နဲ့ Qualcomm တို့ ရင်ဆိုင်နေရတဲ့ အမှုများစွာထဲမှ တစ်ခု ဖြစ်ပါတယ်။ Qualcomm က အမေရိကန်မှာလည်း တရုတ်မှာလို ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

Ref : gsmarena

တရုတ်မှာ iPhone X, 8 နဲ့ iPhone အဟောင်းများ ရောင်းချမှုကို ပိတ်ပင်

%d bloggers like this: