4030 mAh Battery ပါတဲ့ 64 GB ROM ဖုန်းကို ဈေးသက်သာစွာ ဝယ်ယူနိုင်တော့မည်

 

2018 ခုနှစ်ကို နှုတ်ဆက်ရခါနီး ဒီဇင်ဘာလေးမှာ ချစ်ရသူတွေအတွက် ခရစ်စမတ်လက်ဆောင် ဖြစ်လာစေမယ့် ဖုန်းလေးတစ်လုံးကို Vivo မှ မြန်မာပြည်အတွက် ဖြန့်ချီပေးတော့မယ်လို့ သတင်းသဲ့သဲ့ထွက်လာပါတယ်။ ပရိသတ်တွေအတွက်တော့ ဈေကွက်မှာ နောက်ထပ်ရွေးချယ်စရာ ဖုန်းတစ်လုံး တိုးလာဦးတော့မှာပါ။


အဲ့ဒါကတော့ Vivo ရဲ့ Y Series တွေထဲက နောက်ထပ်တစ်လုံးအဖြစ် Y91 ဖြစ်ပြီး မကြာခင်မှာ ဈေးကွက်ထဲ မြင်တွေ့ရတော့မှာပါ။ Entry Level ဖုန်းတစ်လုံးအဖြစ် မြန်မာပြည်ဈေးကွက်ကို ဝင်ရောက်လာတာဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ 4030 mAh Battery ကိုတပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် သိမ်းဆည်းနိုင်မှု ပမာဏအနေနဲ့ 64 GB ROM လည်းပါဝင်ဦးမှာဖြစ်လို့ ရွေးချယ်စရာဖုန်းများစွာထဲကမှ ဦးစားပေးစဉ်းစားစရာ ဖုန်းတစ်လုံးဖြစ်လာဦးမယ်ဆိုတာ သေချာပါတယ်။

ဈေးနှုန်းအတိအကျကိုတော့ လတ်တလောမှာ ထုတ်ပြန်ထားသေးခြင်းမရှိသလို၊ စတင်ရောင်းချပေးမယ့် နေ့ကိုလည်း တိတိကျကျ မသိရသေးပဲ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းမှာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: Vivo Myanmar

{Unicode}

%d bloggers like this: