Facebook App ကနေ အခမဲ့ ဝိုင်ဖိုင် ကွန်ရက်တွေကို ဘယ်လိုရှာမလဲ ?

Facebook က သင့် အနီးအနားမှ အခမဲ့ ဝိုင်ဖိုင် ကွန်ရက်များကို ရှာဖွေပေးတဲ့ Find WiFi ကို ကမ္ဘာအဝန်းမှ Android Users များအတွက် ထည့်သွင်းပေးနေပါတယ်။ Find WiFi က ဝိုင်ဖိုင် ကွန်ရက်ကို ပံ့ပိုးပေးထားတဲ့ ကုမ္ပဏီ၊ စားသောက်ဆိုင်များရဲ့ သတင်းအချက်အလက်များနဲ့ ဝိုင်ဖိုင် ကွန်ရက် မြေပုံကို ပြသပေးနိုင်ပါတယ်။ Facebook ဒီ စွမ်းဆောင်ချက်ကို ယခင်နှစ်ကတည်းက နိုင်ငံအချို့မှာ စမ်းသပ်နေတာ ဖြစ်ပြီး အခုတော့ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးနေပါတယ်။ သင့်မှာ မိုဘိုင်းဒေတာ ကုန်ဆုံးသွားတဲ့ အချိန်တွင် ဒီ စွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။

အသုံးပြုနည်း

၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ More Tab ကို နှိပ်ပါ။

၂။ Find WiFi ကို တွေ့ရင် တစ်ချက်နှိပ်ပါ။ ဒါဆိုရင် ဒီစွမ်းဆောင်ချက်ကို On ခိုင်းမှာ ဖြစ်ပါတယ်။

More Tab ကို မတွေ့သူများက Apps ကဏ္ဍအောက်မှာ Find WiFi ကို တွေ့နိုင်ပါတယ်။

၃။ Find WiFi ထဲမှာ အခမဲ့ ဝိုင်ဖိုင် ထုတ်လွှင့်ပေးနေတဲ့ စားသောက်ဆိုင်များ၊ ကုမ္ပဏီများရဲ့ အမည် နဲ့ အခြား သတင်းအချက်အလက်များကို ပြသပေးထားပါတယ်။ တစ်ခုကို နှိပ်ကြည့်ရင် သူ့ရဲ့ Page ကို အလည်သွားနိုင်ခြင်း၊ တည်နေရာ လမ်းညွှန်ခြင်း စတဲ့ Options များကို ပြသပေးမှာ ဖြစ်ပါတယ်။

၄။ Find WiFi Screen မှာ ညာဘက်အပေါ်ထိပ်မှ Map Button ကို နှိပ်ရင် ဝိုင်ဖိုင် ကွန်ရက် မြေပုံကို တွေ့ရမှာ ဖြစ်ပါတယ်။

Facebook ရဲ့ ဒီစွမ်းဆောင်ချက်ကို iOS နဲ့ Android App ၂ ခုစလုံးမှာ ထည့်သွင်းပေးထားပါတယ်။

Facebook App ကနေ အခမဲ့ ဝိုင်ဖိုင် ကွန်ရက်တွေကို ဘယ်လိုရှာမလဲ ?

%d bloggers like this: