ပေါက်ကြား ထွက်ပေါ်လာတဲ့ Samsung Galaxy S10 Series များရဲ့ မျက်နှာပြင် အရွယ်အစားများ

လာမယ့်နှစ်အစောပိုင်းမှာ ကြေညာမယ့် Samsung Galaxy S10 Series များရဲ့ သတင်းအချက်အလက်များ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း နာမည်ကျော် Leak Star တစ်ဦး ဖြစ်တဲ့ Evan Blass က အဲဒီ စမတ်ဖုန်းများရဲ့ မျက်နှာပြင် အရွယ်အစားများနဲ့ ဓါတ်ပုံများကို မျှဝေလိုက်ပါတယ်။

ဓါတ်ပုံမှာ S10 Lite မှာ ၅.၈ လက်မ ၊ S10 မှာ ၆.၁ လက်မနဲ့ S10+ မှာ ၆.၄ လက်မ မျက်နှာပြင်များ ပါမယ်လို့ ဖော်ပြထားပါတယ်။ ဖုန်း အားလုံးရဲ့ မျက်နှာပြင် ထိပ်ပိုင်း အလယ်နားမှာ အရှေ့ ကင်မရာများကို မြှပ်နှံထားပါတယ်။ S10+ မှာ ၂ လုံး ထည့်သွင်းထားပြီး ကျန် ၂ လုံးမှာ ၁ လုံးစီ ပါပါတယ်။ Evan Blass က အဲဒီ ဓါတ်ပုံဟာ Case ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ မှန်းဆချက်သာ ဖြစ်တယ်လို့ ပြောထားတဲ့ အတွက် ရာနှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်ပါဘူး။

ယခင်ကတော့ အနောက်ကင်မရာ ၄ လုံးပါတဲ့ Galaxy S10+ နဲ့ အနောက်ကင်မရာ ၂ လုံး ပါတဲ့ Galaxy S10 တို့ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ခဲ့ဖူးပါတယ်။ S10+ ကတော့ စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး ကင်မရာ ၄ လုံးနဲ့ အရွယ်ကြီး မျက်နှာပြင်ကွေး ပါလာမှာပါ။ အရွယ်အစား အသေးဆုံးနဲ့ တန်ဖိုး အနည်းဆုံး က S10 Lite ဖြစ်ပါတယ်။ အဲဒီ စီးရီးများမှာ Exynos 9820 သို့မဟုတ် Qualcomm Snapdragon 855 Chipset များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

ပေါက်ကြား ထွက်ပေါ်လာတဲ့ Samsung Galaxy S10 Series များရဲ့ မျက်နှာပြင် အရွယ်အစားများ

%d bloggers like this: