147 Shares 42 Views


Dec 08, 2018
147 42




[Unicode]

Beddit Sleep Tracker ကို ရောင်းချလိုက်တဲ့ Apple

Apple က အိပ်စက်မှုကို တိုင်းတာပေးတဲ့ ကျန်းမာရေး အထောက်အကူပြု ကိရိယာတစ်ခုကို ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ အမည်က Beddit Sleep Tracker ဖြစ်ပါတယ်။ သူဟာ ဆန်ဆာများ ပါတဲ့ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပြီး သူ့ကို အိပ်ယာအောက်မှာ ထားရှိအသုံးပြုရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အထူဟာ ၂ မီလီမီတာ ရှိပါတယ်။ သူက အိပ်စက်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ဟောက်ခြင်း၊ အိပ်ခန်း အပူချိန်၊ လေထုစိုထိုင်းဆများကို တိုင်းတာပေးနိုင်ပါတယ်။

အခြား Sleep Tracker များထက် သူ့ရဲ့ အားသာချက်က အိပ်နေစဉ်တွင် ကိုယ်ခန္တာမှာ ဝတ်ဆင်ထားဖို့ မလိုတာ ဖြစ်ပါတယ်။ Beddit ကို Apple Watch နဲ့ ချိတ်ဆက်ထားရင် အိပ်စက်မှု အခြေအနေများ၊ Bedtime Reminder တို့ကို စမတ်နာရီကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အိပ်စက်မှု အခြေအနေနဲ့ နှလုံးခုန်နှုန်း ဒေတာများကို iOS 12 နဲ့ အထက်မှ Health App ကနေ ကြည့်ရှုနိုင်ပါတယ်။

Apple Watch Series 4 မှာ အိပ်စက်မှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် မပါပါဘူး။ ဒါပေမယ့် အခုတော့ Beddit ရဲ့ App အပါအဝင် အိပ်စက်မှုကို တိုင်းတာပေးတဲ့ Third-party Apps များ ထွက်ပေါ်လာပါပြီ။ Beddit Sleep Tracker ကတော့ ဒီအလုပ်ကိုလုပ်ပေးဖို့ သီးခြား ဒီဇိုင်း ထုတ်ထားတဲ့ အတွက် ပိုမို စွမ်းရည်မြင့်မားပါတယ်။ သူ့ကို Apple Website နဲ့ Apple Store များမှာ ဒေါ်လာ ၁၅၀ ဖြင့် ရောင်းချပေးလိုက်ပါတယ်။

You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
0 shares0 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
131 shares54 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
74 shares34 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Leave a Comment

Most from this category